ဇူလိုင် ၁ ရက် က အရှေ့တီမောအစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲတွင် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် အဖွဲ့ကို ဖိတ်ကြားခဲ့ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီက ရန်ကုန်မြို့ရှိ တီမောလက်စ်တေသံရုံးမှ သံရုံး ယာယီတာဝန်ခံကို ဇူလိုင် ၅ ရက် က နေပြည်တော်သို့ ဆင့်ခေါ်ကာ သတိပေးကန့်ကွက်ခဲ့ပါတယ်။
အဲဒီလိုစစ်ကောင်စီက သတိပေးကန့်ကွက်ပြီးနောက်တစ်နေ့မှာပဲ အရှေ့တီမောက NUG ကို ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်သောအဖွဲ့ကို တီမောလက်စ်တေနိုင်ငံ၏ အစိုးရသစ်တက်ပွဲ တက်ရောက်ခွင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က တီမောသံရုံး ယာယီတာဝန်ခံ ကို တွေ့ဆုံစဉ် NUG နှင့် ထိတွေ့ဆက်ဆံခြင်းကို ကန့်ကွက်ကြောင်း၊ နောင်တွင် ယင်းသို့မပြုလုပ်ရန် တိုက်တွန်းကြောင်း၊ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစာချုပ်များကို ဖောက်ဖျက်ရာ ရောက်ကြောင်း သတိပေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အရှေ့တီမောခေါ် တီမောလက်စ်တေနိုင်ငံ၏ အစိုးရသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ချက်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးလင်းသန့်တို့ တက်ရောက်ခဲ့ပြီး တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာနှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြတာ ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာ်အောင်ဟာ အရှေ့ တီမောနိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
Era’sEye/REF:MMN