နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့သက်တော်စောင့်အဖွဲ့ခေါင်းဆောင် ရဲအုပ် ထောင်ကနေ ပြန်လွတ်လာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေး အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒီနေ့မနက်ပိုင်းမှာ ရမည်းသင်း အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာမှာ မတရားဖမ်းဆီးခံရကာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ထောင် သုံးနှစ်ချခံခဲ့ရတာပါ။

ထို့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ဝင် ဒုရဲအုပ်ချယ်ရီထက်ကိုလည်း ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံထားရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိဖြစ်သူ နိုင်ငံတော်သမ္မတရုံး၊ သတင်းနဲ့ လုံခြုံရေးဆိုင်ရာဌာနကြီးရဲ့ ဒုညွှန်မှူး ဦးအောင်နိုင်ဦးကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ် ချထားတာပါ။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 31 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 22 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ
မြန်မာသတင်း

မိတ္ထီလာသူနာပြုသင်‌တန်းကျောင်းက သင်တန်းသူတဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့မှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 34 Views
ဩဂုတ်လ (၁၂)ရက်။ ဒီကနေ့ နံနက် (၂)နာရီခန့်က မိတ္ထီလာသူနာပြုသင်တန်းကျောင်းက သင်တန်းသူတစ်ဦး ကိုယ့်ကိုယ်ကို ဒီဇယ်လောင်းမီးရှို့သတ်သေမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ ဘေးပတ်ဝန်းကျင်က မီးခိုးနံ့ထွက်လာမှ သိရတာ။ မနက် (၂)နာရီဝန်းကျင်လောက်ထင်တယ်။ ရေချိုးခန်းကော အိမ်သာကော
မြန်မာသတင်း

တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်နေပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 18 Views
ဩဂုတ်လ (၁၂)ရက်။ မဝေးတော့တဲ့ အနာဂတ်မှာ တော်လှန်ရေးဘုံရည်မှန်းချက်တွေ အောင်မြင်စေဖို့ လက်တကမ်းအကွာမှာ ရောက်လာနေပြီလို့ NUG က ဒီကနေ့ (၇၅)နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလအချိန်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့၊
မြန်မာသတင်း

စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာမရှိဘူးလို့ KIO ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 33 Views
ဩဂုတ်လ (၁၁)ရက်။ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး စတင်ကမ်းလှမ်းတာ မရှိဘူးလို့ KIO ရဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ KIO ကနေ စတင်ကမ်းလှမ်းတာမဟုတ်ပါဘူး။ နေပြည်တော်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးစကားဝိုင်းအပြီးမှာ
မြန်မာသတင်း

တမူးမှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေကို စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 34 Views
တိုက်ပွဲထဲ အလောင်း (၆)လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန် ဩဂုတ်လ (၁၁)ရက်။ ဩဂုတ်လ (၅)ရက်နေ့ကစပြီး တမူးမြို့မှာ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နန်မွန်းတားရွာကို စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀)ခန့်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့
မြန်မာသတင်း

ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 26 Views
ဩဂုတ်လ (၁၁)ရက်။ ရခိုင်ပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရဲ့ ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးခိုင်သုခရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ ဒီနေ့အချိန်မှာ အာရက္ခပြည်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ချမှတ်ထားတဲ့ ပန်းတိုင်၊ ရက္ခိတလမ်းစဉ်နဲ့
မြန်မာသတင်း

ရန်ကုန် လသာရှိ KTV တခုမှာ အမျိုးသားတဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 11 ရက်
  • 33 Views
ဩဂငတ်လ (၁၁)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန် လသာမြို့နယ်ရှိ ရန်ကုန်သံလွင်ဟိုတယ်မှာ ဖွင့်ထားတဲ့ New Party KTV မှာ အမျိုးသားတစ်ဦး ပစ်ခတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ စစ်လော်ဘီချန်‌နယ်တွေထံက သိရပါတယ်။ “ ဖြစ်တာက လသာ ရွှေတိဂုံဘုရားလမ်း