မြင်းမူမြို့နယ်အတွင်းမှာ အင်းအား ၆၀ခန့်ဖြင့် စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ကို လက်လုပ် ၈၁မမ ဗုံးသီး ၂၀လုံးအသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း-၆ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ရှိ မကျီးကန်ရွာမှာ တပ်မ ၃၃က ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတို့ ပူးပေါင်းအင်အား ၆၀ပါ စစ်ကြောင်းကို ဇွန်လ ၆ရက်နေ့ ညနေ ၅နာရီခွဲအချိန်က တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။.
ထိုစစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းလာတဲ့ စစ်ကြောင်းကို စစ်ကိုင်းခရိုင်တပ်ရင်း(၆)၊ တပ်ခွဲ(၁) တပ်ခွဲမှူး ဦးစီးတဲ့ ၁၅ဦးက လက်လုပ် ၈၁မမ ဗုံးသီး ၂၀လုံးအသုံးပြုကာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၅ရက်နေ့ကလည်း စစ်ကိုင်းမြို့၊ ညောင်ပင်ဝန်းရွာမှာ အင်အား ၅၀ခန့်နဲ့ အထိုင်ချထားတဲ့ ညောင်ပင်ဝန်းစခန်းကို လက်လုပ် ၆၀မမ ဗုံးသီး ၈လုံးနဲ့ လက်လုပ် ၁၂၀မမ ဗုံးသီး ၅လုံးတို့ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။
ထိုတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှုတွေကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(ပုံစာ – စစ်ကိုင်းမြို့၊ ညောင်ပင်ဝန်းစခန်းအား လက်လုပ်ဗုံးသီးများဖြင့် အသုံးပြုတိုက်ခိုက်မှုမြင်ကွင်း။)
Era’sEye