စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကနေ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာ ၄ ခုစီကနေ ညွန်ကြားချက်အချို့ လိုက်နာခြင်းမရှိဘူးလို့ဆိုပြီး အမေရိကန်ဒေါ်လာ တစ်သိန်းစီ ဒဏ်ငွေချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ဆင်းကဒ် မှတ်ပုံတင်ခြင်းဆိုင်ရာ (Sim Registration) ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိတဲ့အတွက် အော်ပရေတာ ၄ ခုကို အရေးယူဆောင်ရွက်ထားတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ဒေတာအရောင်းဌာနက ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲဒါကြောင့် ဆက်သွယ်ရေး အော်ပရေတာ ၄ ခုဖြစ်တဲ့ MPT၊ Telenor(ATOM)၊ Ooredoo၊ MyTel တို့ဟာ အမေရိကန်ဒေါ်လာ တစ်သိန်းစီ ဒဏ်ငွေပေးဆောင်ရမှာ ဖြစ်တဲ့အကြောင်းကို ဇွန်လ ၂၉ ရက်နေ့ကတည်းက ဒဏ်ငွေချ ဆောင်ရွက်ထားတယ်လို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။
ပြည်တွင်းက လက်ရှိ အရောင်းကိုယ်စားလှယ်တွေဟာ ကြိုတင်မှတ်ပုံတင်ပြီး ရောင်းချတဲ့ ဆင်းကဒ်တွေ ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးတွေကို ထိရောက်စွာ ကာကွယ်မပေးနိုင်ဘူးဆိုတဲ့ အချက်အလက်တွေကို အခြေခံပြီး အရေးယူခဲ့တာလို့လည်း သိရပါတယ်။
အဲဒီ ကြိုတင်မှတ်ပုံတင်ထားတဲ့ ဆင်းကဒ်တွေကတော့ ပိတ်သိမ်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီတုန်းကလည်း တစ်ကြိမ် အခုလိုမျိုး ဆက်သွယ်ရေး အော်ပရေတာတွေကို ဆင်းကဒ်မှတ်ပုံတင်ခြင်းဆိုင်ရာနဲ့ အမေရိကန် ဒေါ်လာ တစ်သိန်းစီ ဒဏ်ငွေ ချမှတ်ခဲ့တာမျိုး ရှိခဲ့ပါတယ်။
Era’s Eye