နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကုလသမဂ္ဂမှာ စစ်ကောင်စီအား အရေးယူနိုင်ရေး အမေရိကန်အထူးသံအမတ်နဲ့ NUG တို့ ဆွေးနွေး


ကုလသမဂ္ဂမှာ စစ်ကောင်စီအား အရေးယူဆောင်ရွက်နိုင်ရေးအတွက် ကုလဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A. Wood နဲ့ NUG ရဲ့ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂနိုင်ငံရေးရာဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး Robert A. Wood နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုတွေ့ဆုံမှုအတွင်း ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉အရ စစ်ကောင်စီကို အရေးယူဆောင်ရွက်နိုင်ရေးနဲ့ စစ်ကောင်စီကို ပိုမိုဖိအားပေးပြီး အရေးယူနိုင်ရေးအတွက် လုံခြုံရေးကောင်စီမှာ ဆက်လက်ဆောင်ရွက်သွားမယ့် နောက်ထပ်အဆင့်များကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ကုလလုံခြုံရေးကောင်စီသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့မှာ မြန်မာအရေးနဲ့စပ်လျဉ်းပြီး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ဖြင့် ချမှတ်ခဲ့တာပါ။



ထိုဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးအပါအဝင် သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းလွှတ်ပေးဖို့ စတဲ့ အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၁)ရက်။ မိုးကုတ်-မိုးမိတ်ဒေသ နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 29 Views
ဒီဇင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်ကစပြီး လောင်းလုံးမြို့နယ်ရှိ ညင်းမော်ရွာနဲ့ စစ်ပြဲရွာအနီး စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်ကစားတွေ တိုက်ဖျက်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီ ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 36 Views
ဒီဇင်ဘာလ (၁၁)ရက်။ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှုတွေ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီဆိုပြီး စစ်ကော်မရှင်က မနေ့ကရက်စွဲနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်က အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု ကျူးလွန်တာတွေကို နိုင်ငံထဲ လုံးဝအခြေမပြုနိုင်ဖို့ ပြည်တွင်းအင်အားစုတွေအပြင် ပြည်ပနိုင်ငံတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ဖို့လို့ ဆိုပါတယ်။
မြန်မာသတင်း

အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 11 ရက်
  • 28 Views
ဒီဇင်ဘာလ (၁၁)ရက်။ မနေ့က အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့မှာပြုလုပ်‌တဲ့ အသံတိတ်သပိတ် အောင်မြင်ခဲ့တဲ့အပေါ် NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က တနိုင်ငံလုံးကနေ တပြိုင်ထဲ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လူထုလှုပ်ရှားမှုကြီးဟာ ပြည်သူရဲ့
မြန်မာသတင်း

ဒီကနေ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်လှုပ်ရှားမှုမြင်ကွင်းများ(သတင်းဓါတ်ပုံ)

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အသံတိတ်သပိတ်လှုပ်ရှားမှု မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။ “ ဒီနေ့ အသံတိတ်သပိတ်ရှိတော့ ရန်ကုန်မြို့ထဲမှာက အရင်နေ့တွေထက် လူသွားလူလာ မရှိသလောက်ပဲ။ မနက်ပိုင်းကတော့ ကျောင်းတွေရှိတယ်ဆိုပေမယ့် နေ့လည်ပိုင်းကတော့ တော်တော်ကြီးကို
မြန်မာသတင်း

ရေစကြိုမှာ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူမယ်လို့ မြို့နယ်ပအဖ သတိပေး

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 38 Views
ဒီဇင်ဘာလ (၁၀)ရက်။ ရေစကြိုမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲထဲ ပါဝင်သူတွေကို ဖမ်းဆီးအရေးယူသွားမယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ သတိပေးထားချက်အရ သိရပါတယ်။ အခုအခါ တရားမဝင်အစိုးရကနေ တရားဝင်စေဖို့ရည်ရွယ်ပြီး စစ်အာဏာရှင်က ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေသလို
မြန်မာသတင်း

KNU ဌာနချုပ်ကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ် တိုက်ခိုက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 35 Views
ဒီဇင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက်အစောပိုင်းအချိန်တွေက KNU ဌာနချုပ် တပ်မဟာ(၇)နယ်မြေ ကလို့ယော်လေးကို အသေခံဒရုန်း (၆)စင်းနဲ့ စစ်တပ်က တိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ နံနက်အစောပိုင်း (၂)နာရီလောက်ကစပြီး KNU ဌာနချုပ် တပ်မဟာ(၇)
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဩစတြေးလျအစိုးရထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်
  • 37 Views
ဒီဇင်ဘာလ (၁၀)ရက်။ သက်ဆိုင်သူအားလုံးမပါဝင်နိုင်တဲ့ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲက ပိုမိုကြီးမားတဲ့ မတည်ငြိမ်မှုတွေဆီ ဦးတည်တယ်လို့ ဒီကနေ့ ဩစတြေးလျအစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း အစစ်အမှန်ဖြစ်ဖို့ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး မတရားဖမ်း‌ဆီးထားသူအားလုံးကို