နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်မှာ ဘုရားမြေ​တွေကို ခြံဝင်းခတ်ရောင်းချနေ၊ မြို့နယ် အဖွဲ့အစည်းတွေ ပါဝင်ပက်သက်ဟုဆို

ယင်းမာပင်မြို့နယ်ထဲက ဝါးရုံကျေးရွာမှာ သာသနာ့နယ်မြေတွေကို ခြံဝင်းခတ်ရောင်းနေတာတွေလုပ်နေတယ်လို့ အဲဒီ ဝါးရုံကျေးရွာရဲ့ ပအဖ ခေါင်းဆောင်ဖြစ်သူက ပြောပါတယ်။


“ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် ဝါးရုံကျေးရွာက ပအဖ ခေါင်းဆောင်ပါ။ ကျွန်တော်တို့ ကျေးရွာမှာ သာသနာ့ နယ်မြေ ဘုရားဝန်း ကျောင်းဝန်း အတွင်းမှာ ခြံဝင်း ရိုက်ပြီးတော့ ရောင်းနေတာကို ကျွန်တော်တို့ မြို့နယ် အဖွဲ့အစည်းတွေ တားမြစ်ဖို့ တိုင်တန်းခဲ့ပါတယ် မြို့နယ် အဖွဲ့အစည်းတွေက ဒါကို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုများ မပြုလုပ်တဲ့အတွက် ဒါကို အထက် အဖွဲ့အစည်းများ သိအောင် ကျွန်တော့ အနေနဲ့ ပြောကြားရခြင်းဖြစ်ပါတယ်”

သူတို့ရပ်ရွာရဲ့ ပကဖ တာဝန်ရှိသူတွေ၊ ပအဖ အဖွဲ့ဝင်တွေက မြို့နယ်ကို တိုင်ကြားထားခဲ့ပေမယ့်လည်း မြို့နယ်က ကနဦးတော့ အရေးယူပေးမယ့်လို့ ပြောဆိုခဲ့ပါတယ်။အခုထိ အရေးယူတာ မရှိသလို ခြံဝင်းရောင်းချသူကလည်း ဆက်ပြီးတော့ ရောင်းနေ၊ ဝယ်ထားတဲ့သူတွေကလည်း ဆက်ပြီးတော့ ခြံခတ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

“မြို့နယ်အဖွဲ့အစည်းကနေမှ ဒီဟာတွေ ပြန်ရုပ်သိမ်းပေးဖို့ သွားပြောလိုက်ပါ ခင်ဗျားတို့ သွားပြောပြီးလို့ ရှိရင် ခင်ဗျားတို့ တာဝန်ကျေတယ် မဖျတ်ဘူးဆိုလို့ရှိရင် သူတို့ လုပ်စရာရှိတာ ဆက်လုပ်မှာလို့ ပြောတာ အခုကျွန်တော်တို့ မဖျတ်ဘူးဆိုလို့ သွားပြတော့လဲ သူတို့က ဘာမှမလုပ်ဆောင်ဘူး”

ပြီးခဲ့တဲ့ ၅ လပိုင်းကတည်းက စပြီး အမျိုးသား ညီညွှတ်ရေး အစိုးရရဲ့ မြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ တိုင်ကြားထားခဲ့ပေမယ့်လည်း အခုချိန်ထိ အရေးယူတာ ညှိနှိုင်းတာတွေ မရှိဘူးလို့ သိရပါတယ်။

“တစ်ကယ်လည်း ဟိုက ကျောက်တိုင်တွေဖယ်တော့ အဲဒီရပ်ရွာက ပအဖနဲ့ ပကဖ တွေက သွားလည်း နှုတ်မပေးရဲဘူး ဖယ်လည်း မပေးရဲဘူးဖြစ်နေတယ် တစ်ချို့တစ်ဝက်က PDF လေးတွေက ပါနေတဲ့ အခါကျတော့ ဖယ်လို့လည်း မရ နှုတ်လို့လည်း မရ ဖြစ်နေတာ အဲဒီကျ​တော့ ထပ်ပြီး ပြောပြန်တော့လည်း တစ်ချို့ ဖုန်းခေါ်တယ် အေးစန္ဒာကျော်ကိုဆိုရင် ဖုန်းခေါ်တယ် ကိုင်ကို မကိုင်တော့ဘူး ပုန်းရှောင်သွားကြတာ ပြောရမယ်ဆိုရင် အဲဒီ အေးစန္ဒာကျော်တို့ရဲ့အောက်က တရားရေး ရှိတယ် တရားရေးက လူတွေမှာ အဲဒီ ဇော်ထူးအောင် တရားရေးက ယဉ်မျိုးဆိုတဲ့ ကောင်တွေက မယား ညီအစ်ကို တော်တယ်ဗျ အဲဒီ တော်တဲ့သူနဲ့ အခု မြေအရောင်းဘက်က သူတွေနဲ့ မွေးချင်းသားချင်း မကင်းဘူး ပြောရမယ်ဆိုရင်တော့ တစ်ချို့ရပ်ရွာတွေက ပြောနေကြတာဆိုရင်တော့ ပိုက်ဆံ ဘယ်နှစ်သိန်းဆိုလား ၅ သိန်းဆိုလား အဲဒီလို အသံထွက်တယ်ဗျ လာဘ်ထိုးပြီးတော့ အဲဒီကြောင့်မို့လည်း တရားရေးကလည်း အရေးယူမှုတွေ မရှိတော့တာ ”

ဒါက ယင်းမာပင်ခရိုင်အတွင်းက ဒေသခံ တစ်ဦးပြောပြတာပါ။ မြို့နယ်အဖွဲ့အစည်းတွေက အဂတိ လိုက်စားပြီးတော့ ဒီဘုရားမြေထဲက ခြံဝန်းခတ်တာတွေကို ခွင့်ပြုထားတယ်လို့လည်း ဆိုပါတယ်။

ယင်းမာပင်ခရိုင်ထဲမှာဆိုရင် တစ်ချို့ အဖွဲ့အစည်းတွေက အရပ်သားတွေကို ဖမ်းဆီး စစ်ဆေးတာ ခြိမ်းခြောက် ငွေတောင်းခံတာတွေလည် ရှိနေတယ်လို့ သိရပါတယ်။

Era’s Eye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 36 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 29 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 30 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 23 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး
မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့ စကမတပ်သားက ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေတာ။ သူက UG အဖွဲ့နဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 24 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။ “ မုံရွာ နမခဘက်ကနေ အသေခံဒရုန်းတစီးနဲ့ ဒီပဲယင်းနယ်အနောက်ခြမ်း အင်ပင်ရွာထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 125 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 24 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။