နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝက်လက်မြို့မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဈေးသည်တွေအပါအဝင် ဒေသခံများကို ပစ်ခတ်မှု ၇ဦးသေဆုံးခဲ့

ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းက ဈေးသည်များအပါအဝင် ဒေသခံများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာကြောင့် ၇ဦးသေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။



ဇူလိုင်လ ၆ရက်နေ့က ဝက်လက်မြို့နယ်ရှိ သမရိုးကျေးရွာနဲ့ ရွှေပန်းကုန်းကျေးရွာကြားသို့ ရောက်ရှိလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဈေးရောင်းထွက်လာတဲ့ ဈေးသည်တွေနဲ့ တိုးကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းရဲ့ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူ ၅ဦးမှာ အမျိုးသမီး ၃ဦးနဲ့ အမျိုးသား ၂ဦးတို့ဖြစ်ပြီး သမရိုးကျေးရွာအတွင်း စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ထပ်မံအပစ်ခံရလို့ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ရတာပါ။ 

ထိုပစ်ခတ်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား ၆ဦးရှိခဲ့ပြီး ၎င်းတို့အနက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးပါဝင်ကာ စစ်ကောင်စီတပ် စစ်ကြောင်းက ဒေသခံပြည်သူ ၁၄ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုထားပါတယ်။

ဓါးစာခံအဖြစ်ဖမ်းဆီးသွားခဲ့တဲ့ ဒေသခံ ၁၄ဦးအနက် ၁၃ဦးကိုတော့ စစ်ကောင်စီစစ်ကြောင်းက အရာတော်မြို့နယ်ရှိ ငွေတွင်းရွာအရောက်မှာ ပြန်လွှတ်ပေးခဲ့ပြီး ကျန်တစ်ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေးအတွက် အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲအပိုင်း(၁)ကို အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 23 Views
ရွေးကောက်ပွဲကာလ မြို့နယ်ပေါင်း (၅၀)ကျော် တိုက်ခိုက်ခံရတယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ်ပေါင်း (၁၀၂)မြို့နယ်မှာ အောင်မြင်စွာကျင်းပနိုင်တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ကသာမြို့အနီးတိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မြို့အဝင်အထွက် ပိတ်ထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 52 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က ညနေပိုင်းအချိန်ကစပြီး ကသာမြို့အနီးမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသထဲသတင်း‌ရင်းမြစ်တွေထံက သိရပါတယ်။ “ မနေ့က
မြန်မာသတင်း

မြိတ်မြို့မှာ ရွေးကောက်ပွဲရှုံးတဲ့ ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 45 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က မြိတ်မြို့မှာ စစ်တပ်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲ ရှုံးနိမ့်တာကြောင့်ဆိုပြီး ကြံ့ခိုင်ရေးပါတီက ကန့်ကွက်စာတင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မြိတ်မြို့ ပသောင်းကျေးရွာအုပ်စုရှိ ပသောင်းမဲရုံမှာ မဲလာပေးသူအချို့ကို မဲရုံအမည်စစ်ဆေးသူက ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီကို မဲပေးဖို့ ညွှန်ပြတာတွေရှိခဲ့တယ်လို့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်/ကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 38 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒိုက်ဦးထောင်ထဲ ခရစ္စမတ်နေ့ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူအချို့ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တိုက်ပိတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ PPNM အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့အဖွဲ့ (၄)ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒိုက်ဦးထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ်ဆုတောင်းတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲကျင်းပတဲ့နေ့ စစ်တပ်ရဲ့ လပခနဲ့ ဘုရင့်နောင်တိုက်ခိုက်‌ရေးကျောင်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 55 Views
ဒီဇင်ဘာလ (၂၉)ရက်။ မနေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ သံတောင်ကြီးရှိ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လပခကို နံနက် (၁)နာရီလောက်က ရှော့တိုက်ဒုံး
မြန်မာသတင်း

မကွေးရှိ မြို့နယ်(၆)မြို့နယ်က စစ်တပ်စခန်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 29 ရက်
  • 39 Views
ဒီဇင်ဘာလ (၂၉)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ကစပြီး မကွေးတိုင်းရှိ မြို့နယ် (၆)မြို့နယ်က စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ စိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကျင်းပမယ့် မကွေးတိုင်းရှိ စလင်းမြို့နဲ့ ပွင့်ဖြူမြို့အပါအဝင် မြို့နယ်
မြန်မာသတင်း

ဖာပွန်ဗျူဟာကို KNLA နဲ့ပူးပေါင်းတပ်တွေ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 61 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဖာပွန်ဗျူဟာကို သိမ်းပိုက်နိုင်ဖို့ KNLA ဦးဆောင်တဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ နဂါးနက်စစ်ကြောင်းရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ “ (၂၄)ရက်နေ့ကစပြီး ဖာပွန်ဗျူဟာကို ထိုးစစ်ဆင်ခဲ့တာပါ။ ဗျူဟာစခန်းကိုတော့ မသိမ်းနိုင် သေးပါဘူး။ လိုင်းပေါ်မှာတော့ သိမ်းနိုင်ပြီဆိုပြီး
မြန်မာသတင်း

“၂၀၂၆ တော်လှန်ရေးအလားလာ”

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်
  • 28 Views
အပတ်စဥ်နိုင်ငံ‌ရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ကြည့်ခြင်း (၂၇) မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆွေးနွေးတင်ဆက်သူ ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့က အခုရောက်ရှိလာတော့မဲ့နှစ်သစ် ၂၀၂၆ခုနှစ်မှာတော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘယ်လိုရှေ့ဆက်ချီတက်ကြမယ်၊ တပ်ပေါင်းစုတွေကိုဘယ်လောက်အထိမျှော်မှန်းနိုင်မလဲ၊ ဘုံရန်သူစစ်အုပ်စုကို ဘယ်လို သေနင်္ဂဗြူဟာ တွေချမှတ်ဆောင်ရွက်နေတယ်လို့မြင်သလဲ ၊ စစ်အုပ်စုရဲ့ရွေးကောက်ပွဲ  နောက်ပိုင်းသူတို့ရှင်သန်နိုင်ပါ့မလားဆိုတာတွေကို ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ဒီတနင်္ဂနွေနေ့