တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တစ်စီး ပစ်ခတ်တိုက်ခိုက်ခံရကာ အရာခံဗိုလ်တစ်ဦးအပါအဝင် ၃ဦးသေဆုံးခဲ့တယ်လို့ Dawei Guerrilla Revolutionary Force-DGRF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၂ရက်နေ့ နေ့လည် ၂နာရီခွဲကျော်က ထားဝယ်မြို့၊ ဇဟာကျေးရွာရှိ စစ်ကောင်စီရဲ့ အမြောက်တပ် ၃၀၂တပ်ရင်းအနီးက စစ်ကောင်စီယာဉ်တစ်စီးကို Dawei Guerrilla Revolutionary Force-DGRF တပ်ခွဲ(၂)က ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ယနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပစ်ခတ်ခံရတဲ့ စစ်ကောင်စီယာဉ်မှာ ထိမှန်ခဲ့ပြီးနောက် ကားလမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကာ လက်နက်ဝင်ယူစဉ် စစ်ကောင်စီတပ်ဘက်က စစ်ကူများရောက်ရှိလာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီယာဉ် ပစ်ခတ်ခံရမှုဖြစ်စဉ်မှာ အရာခံဗိုလ်တစ်ဦးနဲ့ တပ်ကြပ် ကျော်ကျော်ဦးအပါအဝင် ၃ဦးသေဆုံးခဲ့ကာ ၂ဦး ဆေးရုံတင်ထားရတယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်သားများက အနီးရှိ ထန်းရည်ဆိုင်အား မီးရှို့ဖျက်ဆီးခဲ့သလို အရပ်သား ၂ဦးကိုလည်း ပစ်ခတ်သွားခဲ့တယ်လို့ DGRF ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
Era’sEye