နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုံရည်မှန်းချက်တူညီတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းရန်အသင့်ပဲလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ပြော

တော်လှန်ရေးက အခင်းအကျင်းအသစ်တစ်ခုကို ဖော်ဆောင်နေတာဖြစ်လို့ ဘုံရည်မှန်းချက်တူညီတဲ့ မည်သည့်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိတယ်လို့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့ပါတယ်။ ဇူလိုင်လ ၁၃ရက်‌နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီရဲ့ အစည်းအဝေးမှတ်တမ်းမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“ယခုဆိုရင် အကြမ်းဖက်စစ်တပ်အနေနဲ့ အထိနာနေတာကို တွေ့မြင်ကြရမှာဖြစ်လို့ ရှေ့ဆက်ရမယ့် ခရီးအတွက် အင်အားတစ်ရပ်အနေနဲ့ အသုံးပြုပြီး အောင်မြင်မှုဆီ ဆက်လက်ချီတက်ကြပါ”လို့ ၎င်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

NUG အနေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက် အုပ်ချုပ်စီမံကာ တော်လှန်ရေးအဆင့်တက်တိုင်းမှာ ပြည်သူတစ်ရပ်လုံးပါဝင်မှု တစ်ပါတည်း မြင့်တက်လာရန် တွေးဆကြံစည်လုပ်ဆောင်ပေးစေလိုတယ်လို့ ဆိုထားပါတယ်။ တော်လှန်ရေးအင်အားစုများ မျှော်မှန်းထားတဲ့ နိုင်ငံ၊ လူ့အသိုက်အဝန်းနဲ့ အနာဂါတ်ကို ပြန်လည်ပိုင်ဆိုင် တည်ဆောက်နိုင်ရန်အတွက် လူထုအားနဲ့ မလျော့တမ်း တက်ညီလက်ညီ ရုန်းကန်ကြဖို့ လိုအပ်တယ်လို့လည်း အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုထားတာြဖစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အားကောင်းတဲ့ စစ်တပ်ကို ဖြိုချဖို့ အရပ်သားအစိုးရဩဇာခံယူမယ့် စစ်တပ်တခုလိုအပ်တယ်လို့ BPLA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 33 Views
ဧပြီလ (၁၇)ရက်။ အားကောင်းတဲ့ စစ်တပ်တခုကို ဖြိုချဖို့ စနစ်ကျပြီး ခိုင်မာတဲ့ အရပ်သားအစိုးရဩဇာကို ခံယူမယ့် စစ်တပ်တခု လိုတယ်လို့ ဒီကနေ့
မြန်မာသတင်း

သင်္ကြန်အတက်နေ့ ကော့ကရိတ်မှာ စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 19 Views
ဧပြီလ (၁၇)ရက်။ မနေ့က သင်္ကြန်အတက်နေ့ နေ့လယ် (၁၂)နာရီခွဲကျော်အချိန် ကော့ကရိတ်မြို့ မြောက်ကမ္မရိုက်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon
မြန်မာသတင်း

နှစ်ဆန်းတစ်ရက်နေ့ မန္တလေးကို ဗဟိုပြုပြီး ငလျင်ထပ်လှုပ်၊ အင်အားအသင့်အတင့်ရှိကာ မြို့နေပြည်သူတွေ သိသိသာသာ ခံစား‌ခဲ့ရတယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 17 Views
ဧပြီလ (၁၇)ရက်။ ဒီကနေ့ နှစ်ဆန်းတစ်ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန်မှာ မန္တလေးကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဒီတကြိမ်က တော်တော်ကြမ်းတယ်။ (၂၈)ရက်နေ့တုန်းက ငလျင်စလှုပ်တဲ့အချိန်လိုပဲ တော်တော်ဆိုးတယ်။
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်ဖို့ ပြည်သူတွေ ပူးပေါင်းပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 17 Views
ဧပြီလ (၁၇)ရက်။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက် ပြည်သူတွေ ပူးပေါင်းပါဝင်ပေးကြပါဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်သစ်ကူးနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ပါတီစုံဒီမိုကရေစီစနစ်ကို အမှန်တကယ်လိုလားတယ်ဆိုရင် အဓိကဖြစ်တဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ဖို့အတွက်
မြန်မာသတင်း

၂၀၂၅ခုနှစ်မှာ တော်လှန်ရေး အပြီးသတ်အောင်ပွဲနှစ်ဖြစ်အောင် ကြိုးစားဖို့ NUG ယာယီသမ္မတ တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 16 Views
ဧပြီလ (၁၇)ရက်။ ၂၀၂၅ခုနှစ်ဟာ အပြီးသတ်အောင်ပွဲကို ယူဆောင်နိုင်မယ့်နှစ်ဖြစ်အောင် ကြိုးစားသွားဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီ ၂၀၂၅ခုနှစ်ဟာ ကြီးမားတဲ့ တော်လှန်ရေးအလှည့်အပြောင်းဖြစ်လာစေမယ့်နှစ် ပြည်သူလူထုအတွက် တော်လှန်ရေး
မြန်မာသတင်း

မင်းကင်းမြို့နယ် ပကဖနဲ့ ပအဖကို ပြည်သူဆန္ဒထုတ်ဖော်

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 27 Views
မင်းကင်းမြို့နယ် ပကဖနဲ့ ပအဖကို ပြည်သူဆန္ဒထုတ်ဖော် မင်းကင်းမြို့နယ်ပကဖနဲ့ ပအဖတို့က ရွှေတူးဖော်ပြီး စီးပွားရေးရှာတာ လမ်းတံတားတွေမှာ ကောက်ခွန်တွေကောက်ခံတာအပြင် နောက်ပိုင်းမှာ ဇက်ရဲလက်ရဲရှိလာပြီး လောင်းကစား ဝိုင်းတွေထောင်၊ နယ်အနှံက လောင်းကစားဝါသနာပါသူတွေနဲ့ ဒိုင်တွေဖွင့် စီးပွားရှာပြီး ငွေရွှင်နေပေမဲ့  မြို့နယ်နဲ့ကျေးရွာပြည်သူတွေရဲ့
မြန်မာသတင်း

စစ်ကောင်စီ လွတ်ငြိမ်းထဲ နိုင်/ကျဉ်းပါဝင်တာ အလွန်နည်းပါးတယ်လို့ PPNM ပြော

  • 2025 ခုနှစ်၊ ဧပြီလ 17 ရက်
  • 28 Views
ဧပြီလ (၁၇)ရက်။ ဒီကနေ့ နှစ်ဆန်းတရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တာ အလွန်နည်းပါးတယ်လို့ PPNM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နှစ်ဆန်း(၁)ရက်နေ့ စစ်ကောင်စီပေးတဲ့ လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဉ်းသားပါဝင်တာ လွန်စွာနည်းပြီး အချို့အကျဉ်းထောင်တွေမှာ
မြန်မာသတင်း

မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံ ပြည်သူများ ဆန္ဒထုတ်ဖော်

  • 2025 ခုနှစ်၊ ဧပြီလ 16 ရက်
  • 25 Views
ဧပြီလ (၁၆) ရက်။ မနေ့က ဧပြီလ (၁၅) ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ မင်းကင်းမြို့နယ် တောင်တွင်းဒေသ နေရာနှစ်ခုမှာ မြို့နယ်ပကဖနဲ့ ပအဖ တာဝန်ခံနှစ်ဦးကို ဒေသခံပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။