၂၀၂၁ ခုနှစ် ဒီဇင်ဘာလကနေ အခုနှစ်ရဲ့ ဧပြီလကုန်အထိ ၁၇ လ ကာလအတွင်းမှာ အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ပြည်သူ့ ကာကွယ်ရေး တပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကခ)တွေ ဒေသကာကွယ်ရေး အဖွဲ့ LDF တွေကို အမေရိကန် ဒေါ်လာ ၁၀.၉၃ သန်း အထိ ထောက်ပံ့ ပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ဘဲ ထုတ်ပြန်ခဲ့ပါတယ်။
PRF လို့ခေါ်တဲ့ ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစုအစီအစဥ်ကနေ ရရှိလာတဲ့ ထောက်ပံ့ငွေတွေကို ခွဲဝေ ထောက်ပံ့ခဲ့တာဖြစ်ပြီး စုစုပေါင်း လက်ခံရရှိငွေဟာ အမေရိကန် ဒေါ်လာ ၁၀.၉၃ သန်းဖြစ်သလို အကုန်လုံးခွဲဝေ အသုံးချခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
PDF အတွက် တပ်ရင်းထောက်ပံ့စားစရိတ် အမေရိကန် ဒေါ်လာ ၉.၀၃ သန်း အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပြီးတော့ ကျန်တဲ့ ၁.၉ သန်းကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကခ)တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ LDF တွေ၊ စစ်လက်နက်ထုတ်လုပ်ရေး လုပ်ငန်းတွေကို တိုက်ရိုက်ပေးပို့ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တပ်ရင်းတွေရဲ့ တပ်ရင်းထောက်ပံ့စားစရိတ် အတွက် ၇၁.၄၂ ရာခိုင်နှုန်းအထိ ထောက်ပံ့နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Era’s Eye