မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကိုရှုတ်ချတယ်လို့ အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးတွေက ပြီးခဲ့တဲ့ ရက်ပိုင်းကကျင်းပခဲ့တဲ့ အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
“လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ အများပြည်သူဆိုင်ရာအဆောက်အအုံတွေကို ဖျက်ဆီးမှု အပါအဝင် အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ အာဆီယံအစည်းအဝေး တက်ရောက်ခဲ့တဲ့နိုင်ငံခြားရေးဝန်ကြီးတွေက ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်ကြေညာခဲ့ကြတာပါ။
မြန်မာနိုင်ငံမှာ ပြင်းထန်နေတဲ့အကြမ်းဖက်မှုတွေကိုကိုင်တွယ်ဖြေရှင်းရာမှာ အာဆီယံနိုင်ငံတွေအနေနဲ့ စည်းလုံးညီညွတ်စွာရပ်တည်ကြဖို့ အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံကလည်း တိုက်တွန်းထားပါတယ်။
Era’sEye | Photo – CRD