နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရှိမ်းမကားရွာကို စစ်‌ကောင်စီက မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ဘက်ခြမ်းက ရှိမ်းမကားကို ညသန်းခေါင်မှာ မီးရှို့ဖျက်ဆီးခဲ့လို့ ဆိုင်ခန်းနဲ့နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ည ၈နာရီလောက်မှာ ရှိမ်းမကားတိုက်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာအဝင်လမ်းစျေးထိပ်ကစျေးဆိုင်နဲ့ နေအိမ်တလုံးကို အရင်ဆုံးမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

ညပိုင်း ၁၂ နာရီလောက်မှာတော့ ရှိန်းမကားစျေးထဲကိုဝင်ပြီးမီးရှို့ဖျက်ဆီးခဲ့တာကြောင့် စျေးဆိုင်ခန်း ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။

ဇူလိုင်လဆန်းကတည်းက စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးနေလို့ ရွာ၂၀ကျော်က ပြည်သူတွေတိမ်းရှောင်နေရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မန္တလေးမြို့မြောက်ဘက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရ၊ ကျေးရွာအချို့ ဘေးလွတ်ရာတိမ်းရှောင်နေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 4 Views
စက်တင်ဘာလ (၂၁)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်ကစပြီး မန္တလေးမြို့မြောက်ဘက်မှာ စစ်ကောင်စီက စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ မြေပြင်သတင်းတွေရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စလင်းမြို့မှာ မီးလိုင်းတွေပြင်ဖို့လာတဲ့ စစ်‌ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က (၁၈)ဦးသေဆုံးပြီး (၁၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 4 Views
စက်တင်ဘာလ (၂၁)ရက်။ စက်တင်ဘာလ (၁၈)ရက်နေ့က စလင်းမြို့နယ်ထဲ မီးလိုင်းတွေပြင်ဖို့လာတဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ စလင်းမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရေဘေးကယ်ဆယ်တဲ့အဖွဲ့တွေကို စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် ပြင်းထန်စွာရှုံ့ချတယ်လို့ မုန်းမြို့နယ်ကယ်ဆယ်ရေးကော်မတီ ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 13 Views
စက်တင်ဘာလ (၂၀)ရက်။ ရေဘေး ကူညီကယ်ဆယ်ဖို့လာတဲ့ လူမှုပရဟိတအဖွဲ့တွေကို စစ်ကောင်စီက ခြိမ်းခြောက်ပစ်ခတ်ဖမ်းဆီးတဲ့အပေါ် မူး(မုန်း)မြို့နယ် ကရင်အရေးပေါ်ကယ်ဆယ်ရေးကော်မတီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ စစ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ ဒေသခံပြည်သူတွေအပေါ် နေ့တိုင်း နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်နှိပ်စက်တာကို ကျူးလွန်နေတာ
မြန်မာသတင်း

ရှမ်းအရှေ့ မိုင်းပျဉ်မြို့မှာ စစ်ကောင်စီနဲ့ RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 17 Views
စက်တင်ဘာလ (၂၀)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းပျဉ်မြို့နယ်ထဲ စစ်ကောင်စီနဲ့ RCSS တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၁၀၀)ခန့်ဟာ မိုင်းပျဉ်မြို့နယ်တောင်ဘက် ယင်းခမ်း‌ကျေးရွာအုပ်စုရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)
မြန်မာသတင်း

စစ်ကောင်စီညွှန်ကြားတဲ့ မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးလုပ်ဆောင်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 11 Views
စက်တင်ဘာလ (၂၀)ရက်။ စစ်ကောင်စီညွှန်ကြားထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဆီက မိသားစုလွှဲပို့ငွေ လွှဲပို့ဖို့ ဖိအားပေးတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိကအကျိုးဆောင်တွေကို အရေးယူမယ်လို့ NUG အလုပ်သမား၀န်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေခံလစာဝင်ငွေထဲက (၂၅)ရာခိုင်နှုန်းကို မိသားစုလွှဲပို့ငွေအနေနဲ့
မြန်မာသတင်း

ဒိုက်ဦးထောင်ထဲ နိုင်/ကျဉ်းတစ်ဦးကို ဆေးလိပ်တွေ့တယ်လို့ စွပ်စွဲပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 12 Views
စက်တင်ဘာလ (၂၀)ရက်။ ဒိုက်ဦးထောင်ထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပွတ်ချွန်းအခွံ(ဆေးလိပ်)တွေ့တယ်ဆိုပြီး ထောင်အာဏာပိုင်တွေက စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခဲ့တယ်လို့ PPNM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ဖိနပ်နဲ့နင်းပြီး ကန်ကျောက်ရိုက်နှက်ခံခဲ့ရသူဟာ ပုဒ်မ ၅၀၅နဲ့ ထောင်ဒဏ် (၃)နှစ် မတရားချမှတ်ခံထားရတဲ့
မြန်မာသတင်း

မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေ ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 14 Views
စက်တင်ဘာလ (၂၀)ရက်။ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း အားလုံးပါ၀င်ပြီး မွန်ပြည်နဲ့ မွန်ပြည်ရဲ့ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်တော်လှန်ရေးအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးမှာ ပါ၀င်နေတဲ့ မွန်လူငယ်တွေဟာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတရပ်ကို အခုလထဲ
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုးကာ နေအိမ် (၄၀)ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 20 ရက်
  • 14 Views
စက်တင်ဘာလ (၂၀)ရက်။ ပုလောမြို့နယ်ထဲ စစ်ကောင်စီက စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ် (၄၀)ကျော်နဲ့ အရပ်သား(၂)ဦးကို မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၉)ရက်နေ့မှာ စစ်ကောင်စီတပ်တွေဟာ လိပ်ဥသောင်ရွာကို ၀င်ရောက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့သလို