စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီကြောင့် ထွက်ပြေးနေရတဲ့ပြည်သူတွေ ဆက်တိုက် ဖျားနာမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကနေစပြီး စစ်ကောင်စီဘက်က သုံးဆင့်ကန်ကျေးရွာကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ထွက်ပြေးလာရတဲ့ အရပ်သားတွေ တုပ်ကွေးပုံစံ ဖျားနာကိုက်ခဲမှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ဆေးဝါး အလုံအလောက်မရှိတဲ့အပြင် ဆက်တိုက် ဖျားနာမှုတွေ ရှိလာတဲ့အတွက် ရိက္ခာနဲ့ မိုးကာတွေလည်း လိုအပ်နေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင်လအစကတည်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်နေလို့ ဝက်လက်မြို့နယ်ထဲက ရွာပေါင်း ၂၀ လောက်က အရပ်သားတွေ စစ်ရှောင်နေရပါတယ်။
Era’s Eye