၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၁၈)ရက် ၊ ခေတ်မျက်လုံး။
ဝေါမြို့နယ်အတွင်းက ဖမ်းဆီးခံထားရတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည် ထောင်အတွင်း ကွယ်လွန်သွားခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်ရဲ့ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီသည် KNLA တပ်မဟာ(၁)နယ်မြေမှာ လှုပ်ရှားစဉ် ၂၀၂၁ခုနှစ် ဇွန်လအတွင်းက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဒီ အသက်(၇၂)နှစ်သည် ကျန်အမှုများကို ရင်ဆိုင်နေစဉ် ဇူလိုင်လ ၁၇ရက်နေ့က အကျဉ်းထောင်အတွင်းရှိ ဆေးရုံမှာ အူမကြီးကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့တယ်လို့ ဝေါမြို့နယ် PDF က အတည်ပြု ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ဦးမောင်ဒီသည် ပုဒ်မ ၅၀၅ဖြင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ် ချမှတ်ခံထားရကာ ထောင်တွင်း ၂နှစ်အကြာမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အထူးဝမ်းနည်းကြေကွဲကြောင်း တော်လှန်ရေးရဲဘော်များက ဖော်ပြထားပါတယ်။
Era’sEye