နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ SSPP/SSA ထုတ်ပြန်


ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇူလိုင်လ ၂ရက်နေ့ကစပြီး ဇူလိုင်လ ၁၅ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၂၀၂၃ခုနှစ် ဗဟိုကော်မတီ မျက်နှာစုံညီ ၆လပတ်အစည်းအဝေးအပြီးမှာ SSPP/SSA က ဇူလိုင်လ ၁၆ရက်နေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသောအရာသည် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ကာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိနိုင်ငံရေးအကြပ်အတည်းများကို အဖြေရှာကျော်လွှားနိုင်ရေးနဲ့ အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးသည် လူတစု၊ လူမျိုးတမျိုးတည်းရဲ့ မူပိုင်အရေးမဟုတ်ဘဲ ပြည်ထောင်စုသား တိုင်းရင်းသားလူမျိုးတိုင်းရဲ့ တာဝန်ဖြစ်တဲ့အတွက် စုပေါင်းတာဝန်ယူ ဖြေရှင်းကြရမယ်လို့ ရေးသားထားပါတယ်။



နိုင်ငံရေးမငြိမ်သက်မှု၊ စီးပွားရေးကြပ်တည်းမှုဂယက်တို့ကြောင့် ဆင်းရဲဒုက္ခအပေါင်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်သူများရဲ့ လူနေမှုဘဝ ပြန်လည်ရှင်သန်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် နည်းလမ်းရှာ စီမံဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“မိုင်းကြေးနဲ့ ပညာရေးပဲခူးတိုင်း နုဂျီ သစ်ထုတ်ဖို့အရေးLPDF တွေကိုမောင်းထုတ်တယ်လေး””

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 15 ရက်
  • 5 Views
အထက်ပါခေါင်းစဥ်နဲ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၃၄) ကြိမ်အဖြစ် လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာပြည်တွင်းမှာဘာတွေဖြစ်နေတယ် ဘယ်လိုမြင်ကြတယ်ဆိုတာကိုဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ဝက်လက်မြို့နယ်ထဲက လုပ်ကြံသတ်ဖြတ်မှုတွေနဲ့တန့်ဆည်မြို့နယ်က ပကဖတွေက မိုင်းထောင်ကြေးကို မပေးတဲ့ထန်းပင်ဆိပ်ရွာက
မြန်မာသတင်း

နာဗာလ်နီသည် သူထောင်ထဲမှာပဲ သေရလိမ့်မည်ဟု ယုံကြည်ခဲ့ကြောင်း ကိုယ်တိုင်ရေး အမှတ်တရစာအုပ်တွင် ဖော်ပြထားသည်။

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 21 Views
BBC- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် ရုရှား၏ ဆယ်စုနှစ်တစ်ခုစာ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာလ်နီ
မြန်မာသတင်း

ပုတီးကုန်းမြို့ရှိ စစ်ကော်မရှင်ဂိတ်စခန်း မိုင်းဆွဲပစ်ခတ်ခံရပြီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၆)နာရီအချိန်က ပြည်ခရိုင် ပုတီးကုန်းမြို့ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို မိုင်းဆွဲပစ်ခတ်ခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘူးပြောရွာရှိ စစ်ကော်မရှင်ဂိတ်စခန်းကို PDF ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)ကွပ်ကဲမှုနဲ့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ် (၂)ဦး MDY-PDF ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ စစ်ကော်မရှင်ရဲ့ ခလရ(၄၁၇)က ပြည်သူ့စစ်တပ်ဖွဲ့ဝင် (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သူတို့ (၂)ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ခလရ(၄၁၇)က အပတ်စဉ် (၁၇)ဆင်း ပြည်သူ့စစ်
မြန်မာသတင်း

ဖလမ်းမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေ ချင်းပူးပေါင်းတပ် သိမ်းဆည်းရရှိခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ဖလမ်းမြို့ မဏိပူရမြစ်ဘေးမှာ စစ်ကောင်စီတပ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို ချင်းပူးပေါင်းတပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မဏိပူရမြစ်ဘေးမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ နယ်မြေရှင်းလင်းတဲ့အချိန် အကြမ်းဖက်စစ်သားတွေ ဝှက်ထားတဲ့ လက်နက်ကြီးကျည်တွေကို သိမ်းဆည်းရမိခဲ့တာ”
မြန်မာသတင်း

ရေစကြိုမြို့မှာ စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်တာတွေကြောင့် ပြည်သူ (၅)ဦး ထိမှန်ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ မနေ့က ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးအပါအဝင် လေကြောင်းဗုံးကြဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မနေ့က နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ မြင်းခြံရှိ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ
မြန်မာသတင်း

စစ်ဆင်ရေးဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို စစ်တပ်က သေဒဏ်နဲ့ ထောင်ဒဏ်ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၁၄)ရက်။ ရခိုင်မြောက်ပိုင်း တိုက်ပွဲတွေမှာ စစ်ဆင်ရေး ဆုတ်ခွာတာကြောင့်ဆိုပြီး ဒုဗိုလ်မှူးကြီး (၃)ဦးကို သေဒဏ်နဲ့ ‌ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ဦးဟာ ဒကစ(စစ်တွေ)မှာ စစ်တရားရုံးတင်
မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဗုံးကြဲခံရတဲ့အချိန်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အစည်းအဝေးလုပ်‌နေတဲ့အချိန်လို့ သိရတယ်။ အဲ့ဒီမှာ