နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မွန်ပြည်နယ် မြို့နယ်သုံးခုတွင်မိုးသည်း ထန်ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

မွန်ပြည်နယ် မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့မနက်ပိုင်းကစပြီး ရေကြီးရေလျှံမှုဖြစ်နေတယ်လို့ သိရပါတယ်။

မနေ့ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းေနတဲ့အတွက် အဲဒီမြို့နယ်သုံးခုက ရပ်ကွက်၊ ကျေးရွာတချို့မှည ရေကြီးရေလျှံနေတဲ့အပြင် ကားလမ်းရေကျော်မှုေတွလည်း ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ ရေးမြို့နယ်၊ ဟံဂံကျေးရွာမှာ ဒီနေ့မနက်ပိုင်းကစပြီး ပြည်သူတချို့ ရေဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေရကြရတယ်လို့ သိရပါတယ်။

ထို့အတူ မုဒုံမြို့နယ် မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်း နှီးပဒေါကျေးရွာနဲ့ ရောင်းဒေါင်းရွာကြား၊ ကွမ်လှာကျေးရွာနဲ့ ဖောင်စိန်ကျေးရွာကြားက ကားလမ်းပိုင်းတချို့မှာလည်း ရေကျော်မှုဖြစ်ပွားနေလို့ အသွားအလာခက်ခဲနေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနကတော့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးနိုင်ပြီး နောက်နှစ်ရက်အထိ မိုးဆက်လက်ပိုနေဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ မင်္ဂလာဆောင်ပွဲလာတက်တဲ့ စစ်ကောင်စီစရဖဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်က ရန်ကုန် မရမ်းကုန်းမြို့ရှိ Apollo Hotel အနီးမှာ စစ်ကောင်စီရဲ့ စရဖ
မြန်မာသတင်း

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၂) ရက်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကဒီနေ့ ဒီဇင်ဘာလ
မြန်မာသတင်း

ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင်အဖွဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Kanpetlet Council ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကန်ပက်လက်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့က
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 7 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
မြန်မာသတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်(၁၂)နာရီ (၃၅)မိနစ်က စကစရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီ ဂွမြို့ကို မကြာခင် လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၂)ရက်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျား ထွက်ပြေးနေတာတွေနဲ့အတူ ဂွမြို့ကို မကြာခင်ရက်တွေထဲ လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ တပြိုင်နက်ထဲ မြို့(၄)မြို့ကို ထိုးစစ်ဆင်ခဲ့တဲ့အထဲ ဂွတစ်မြို့သာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ AA အောင်ပွဲအတွက် NUG သမ္မတရုံးက ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၂)ရက်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာရက္ခတပ်တော်(AA)ရဲ့ အောင်ပွဲအတွက် NUG သမ္မတရုံးက မနေ့က ဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ AA ခေါင်းဆောင်တွေ ဦးဆောင်တာနဲ့အတူ ရဲဘော်ရဲဘက်တွေရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်တာတွေကြောင့် နပခကို
မြန်မာသတင်း

ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို AA သိမ်းပိုက်ရရှိထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 14 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ဂွမြို့ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ စစ်ကူလာတဲ့ တပ်မ(၁၁)တပ်ရင်းတွေအပြင် အခြားတပ်ရင်းအများအပြားနဲ့