ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က နမ့်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရစ်များရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ်က နမ့်ဆန်ယန်ကျေးရွာကို ဇူလိုင်လ (၂၁)ရက်နေ့ ည ၁၀နာရီခွဲအချိန်ခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃စီးဖြင့် ဗုံး ၃လုံး ကြဲချခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိခဲ့ဘဲ စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးမှူးရုံး ပျက်စီးခဲ့သလို နွား ၃ကောင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လဆန်းကစပြီး နမ့်ဆန်ယန်ဘက်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ စစ်ကောင်စီတပ်က မြေပြင်မှာ အထိနာနေတဲ့အတွက်ကြောင့် လေကြောင်းကနေ တိုက်ခိုက်လာတာ ဖြစ်တယ်လို့ စစ်ရေးသုံးသပ်သူအချို့က ပြောဆိုနေကြပါတယ်။
eraseye