နွေဦးဘဏ်စဖွင့်တဲ့ ပထမရက်မှာပဲ ဘဏ်အကောင့်ဖွင့်သူပေါင်း ၁၀၀၀ပြည့်မြောက်ခဲ့တယ်လို့ Spring Development Bank က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
လက်တလော ဆောင်ရွက်သွားမယ့် Beta Version ဟာ အကန့်အသတ်ရှိနေတာမို့ စိန်ခေါ်မှုတွေ အခက်အခဲတွေ ကြုံလာခဲ့ရင်လည်း နိုင်ငံအနှံ့မှာ ခန့်အပ်ထားတဲ့ ပြည်သူ့ဓနဆက်ဆံရေးအရာရှိ (Relationship Managers) အယောက် (၁၀၀) နဲ့အတူ ပြင်ဆင်မွမ်းမံမှုတွေ အစဥ်တစိုက်လုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် စိတ်ရှည်စွာနဲ့ ဆက်လက်အားပေး ဝန်းရံကြဖို့နဲ့ ၊ အကြံပြုပူးပေါင်း ပါဝင်ပေးကြဖို့ ပြည်သူများကို မေတ္တာရပ်ခံထားပါတယ်။
မကြာမီ အချိန်မှာ လက်ရှိ ပဏာမအဆင့် beta အား တည်ငြိမ်စွာလည်ပတ်နိုင်ပြီး Full Launch ကာလရောက်ရင်လည်း ပိုမိုကောင်းမွန်တဲ့ ဘဏ္ဍာစီမံနိုင်ရေး အနာဂတ်တခုအတွက် မိမိရဲ့ သူငယ်ချင်းမိတ်ဆွေ၊ မိသားစု၊ ဆွေမျိုးသားချင်းတွေကိုလည်း နွေဦးဘဏ်နဲ့အတူ လက်တွဲခေါ်ပေးကြဖို့ကိုလည်း Spring Development Bank ထပ်မံ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၃ ဇွန် ၁ရက် ရက်စွဲနဲ့ ဖွဲ့စည်း တည်ထောင်ထားတဲ့ ကြားကာလ ဗဟိုဘဏ်ရဲ့ စည်းမျဥ်း ချမှတ် ခွင့်ပြုထားတဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေး၀န်ဆောင်မှု တရား၀င်လိုင်စင် ရရှိထားပြီး ဖြစ်ပါတယ်။
Era’sEye