နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဦးမင်းကိုနိုင်၏ ဆယ်လ်မွန်ငါးတို့အပြန်ပန်းချီကား​ဒေါ်လာ ၃၃၃၃၃ ဖြင့်​လေ​လံ​အောင်

ဉီးမင်းကိုနိုင် ‌ရေးဆွဲသည့် Return of Salmons (ဆယ်လ်မွန်ငါးတို့အပြန်) ပန်းချီကားကို ​ဒေါ်လာ ၃၃,၃၃၃ ဖြင့် လေလံအောင်ခဲ့ တယ်လို့သိရပါတယ်။

အခုလို လေလံအောင်မြင်ခဲ့ခြင်းဟာ ပြည်သူ့ဘက်က နိုင်ကိုနိုင်မယ်လို့ သင်္ကေတပြတာ ဖြစ်တယ်လို့ ယူဆကြောင်း အဲဒီပန်းချီကားကို​​ရေးဆွဲခဲ့​တဲ့ဦးမင်းကိုနိုင်ကပြောပါတယ်။

ယင်းပန်းချီကားကို ဇူလိုင် ၂၃ ညတွင်ပြုလုပ်သည့် ရိုးမခေါ်သံ ကမ်ပိန်းပိတ်ပွဲ၌ လေလံ‌တင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ပန်းချီကားကို အမေရိကန်ဒေါ်လာ ၃၃၃၃၃( လက်ရှိ​ဒေါ်
လာ​ပေါက်​ဈေးဖြင့် မြန်မာ​ငွေဖြင့်ဆိုပါကအကြမ်းဖျင်း ကျပ်သိန်း (၁၂၀၀) ဝန်းကျင်) ဖြင့် လေလံအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

“ ပြည်သူ့ဘက်က နိုင်ကိုနိုင်ရမယ်လို့ သင်္ကေတပြလိုက်တယ်လို့ မြင်ပါတယ်။ လောကနိယာမအတိုင်းပေါ့ဗျာ ။ အဓမ္မကို ဓမ္မကသာလျှင် နိုင်ကြေးပေ့ါ ။ ကိုဂျင်မီပြောသလိုပေါ့ဗျာ ။ တရားတဲ့ဘက်ကနိုင်ကြေးပေါ့ဗျာ” ဟု ယင်းလေလံပွဲတွင် ဦးမင်းကိုနိုင်ကပြောသည်။

ထို့ပြင် သုံးဂဏန်းသည် လမ်း‌မပေါ်၌ လက်သုံးချောင်းထောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ပြည်သူများကို ဂုဏ်ပြုတယ်လို့လည်း ခံယူကြောင်း သူက ပြောပါတယ်။

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့တာဖြစ်ပါတယ်။

လေလံအောင်သူက အမှတ်တရ ဖြစ်စေရန်ရည်ရွယ်ပြီး လေလံဈေးကို ဒေါ်လာ ၃၃၃၃၃ အထိ ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါပန်းချီကားအတွက် မျှော်လင့်ထားသည်ထက်ပိုမိုရရှိသောကြောင့် ပါဝင်ပေးသူအားလုံးကိုကျေးဇူးတင်တယ်လို့ လည်း ဆိုပါတယ်။

ထို့ပြင် ယင်းပန်းချီကား၏ ဘောင်ကို နွေဦးတော်လှန်‌ရေးတွင် ကိုယ်လက်အင်္ဂါစွန့်ခဲ့ရသည့် ရဲဘော်တစ်ဦး၏ အင်္ကျီဖြင့် ဖန်တီးပေးမယ်လို့လည်း သိရပါတယ်။

ရိုးမခေါ်သံ” Campaign ကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ ဒေသများမှ တော်လှန်ရေးရဲဘော်များ၏ ဆယ်လ်မွန်စစ်ဆင်ရေးအတွက် လိုအပ်သည့်ဘတ်ဂျက်ရရှိနိုင်ရန် “ ဇွန် ၂၅ ရက်မှ ဇူလိုင် ၁၆ ရက်အထိပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

Era’sEye/News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ်နှင့် LPDF ၂၁ ဖွဲ့ ပူးပေါင်းဟုဆို

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၉ရက် မကွေးတိုင်းအခြေစိုက် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LPDF) ၂၁ ဖွဲ့ သည် မကွေးဖက်ဒရယ်ယူနစ်အစိုးရ ၏ ကွပ်ကဲမှုအောက်တွင်
မြန်မာသတင်း

ပြည်သူရွေးတဲ့သမ္မတ- အာဏာသိမ်းတဲ့သမ္မတ ဘယ်သူဂုဏ်ရှိသလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 21 Views
ဒီအပတ်တနင်္ဂနွေနေ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း (၄၃) မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမတအဖြစ်ကိုယ့်ဖဲကိုယ်ချိုးတက်လာပြီး ပြည်သူတင်မြှောက်လိုက်တဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်တဲ့ အမြင်နဲ့
မြန်မာသတင်း

မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 19 ရက်
  • 23 Views
မြန်မာနဲ့ဟန်ဂေရီရွေးကောက်ပွဲကိုနှိုင်းယှဥ်ကြည့်ခြင်း ခေတ်မျက်လုံးအယ်ဒီတာဦးထွန်းအောင်ကျော်က မြန်မာနဲ့ဟန်ဂေရီနိုင်ငံတို့အကြားဆင်တူတဲ့ နိုင်ငံရေးအခြေခံတွေ နဲ့ မတူကွဲပြားတဲ့ အခြေအနေတို့ကိုစိတ်ဝင်စားဘွယ်တင်ပြရင်း ဒီနိုင်ငံ၂ခုရဲ့ အနာဂါတ်အလားအလာများကို ဗဟုသုရစေနိုင်တဲ့သုံးသပ်ချက်များကို တမူထူးခြားစွာတင်ပြထားပါတယ်၊ ပရိဿတ်များအနေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အတူတဲ့ရှုဒေါင့်များကိုခံစားသိရှိနိုင်ကြလိမ့်မယ်လို့ယူဆပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ICNCC ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင် မိန့်ခွန်းပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 14 ရက်
  • 58 Views
၂၀၂၆ခုနှစ်၊ ဧပြီလ ၁၄ရက် ဧပြီလ ၁၃ရက် နေ့တွင် ကျင်းပခဲ့သော ICNCC ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ဖွဲ့စည်းခြင်း (၅) နှစ်မြောက် အထိမ်းအမှတ်တွင် ULA/AA ဒုဥက္ကဌ‌ ဒေါက်တာညိုထွန်းအောင်က ချင်းအမျိုးသားတို့လွတ်မြောက်ရေးအတွက်
မြန်မာသတင်း

ရုရှားသမ္မတ ပူတင်က ခရစ်ယန်ရှေးရိုးအော်သိုဒေါ့စ် အီစတာပွဲတော်အတွက် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 50 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် ရုရှားသမ္မတ ဗလာဒီမာ ပူတင် သည် အော်သိုဒေါ့စ် အီစတာ ရုံးပိတ်ရက်အတွက် ယူကရိန်း နှင့် ၃၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။ ၎င်းသည်
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့ နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 46 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကို ကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိသတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား?

  • 2026 ခုနှစ်၊ ဧပြီလ 13 ရက်
  • 56 Views
NUG တော်လှန်ရေးကိုဦးဆောင်မှာလားဖြိုခွဲမှာလား? မကွေးဖက်ဒရယ်ယူနစ်ဖွဲ့စည်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်လက်ယာကို သူတိုက်ယူထားတဲ့ ရေနံလုပ်ကွက်တွေကိုသိမ်းယူချင်တာ၊ တော်လှန်ရေးအင်အားစုတွေကို ကူညီတွေတာနဲ့ပတ်သက်ပြီး NUG ရဲ့ MOD ကပြဿနာရှာလာတာကို ဦးထွန်းအောင်ကျော်က လေ့လာသုံးသပ်တင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 51 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye YouTube Channel ကနေစောင့်မျှော်နားဆင်နိုင်ကြပါတယ်။ အချိန်ကျရင်အောက်ကလင့်ကိုကလစ်လုပ်ပြီးကြည့်နိုင်ပါတယ်။ ခေတ်မျက်လုံးရဲ့ပရိဿတ်အပေါင်းဘေးရန်ကင်းရှင်းပြီး ချမ်းသာသုခနဲ့ပြည့်စုံနိုင်ကြပါစေ။ https://www.youtube.com/@eraseyechannel ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့