နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြဝတီ လက်ခတ်တောင်တိုက်ပွဲမှာ တပ်ဆုတ်ခဲ့တဲ့ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး အာဏာဖီဆန်မှုဖြင့် ထောင်ချခံရ


ကရင်ပြည်နယ်၊ မြဝတီမြို့၊ လက်ခတ်တောင်စခန်းသိမ်းတိုက်ပွဲမှာ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့ ခမရ-၂မှ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးကို စစ်ကောင်စီက အာဏာဖီဆန်မှုဖြင့် အပြစ်ပေးထောင်ချထားတယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


ဇူလိုင်လ ၂၀ရက်နေ့ကစပြီး မြဝတီမြို့၊ လက်ခတ်တောင် ဘုရားကုန်းနဲ့ တာဝါတိုင်ကုန်းက စစ်ကောင်စီတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကာ ဇူလိုင်လ ၂၁ရက်နေ့ နံနက် ၅နာရီခန့်မှာ အပြီးသတ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုတိုက်ပွဲအတွင်း ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့တဲ့ ခမရ-၂မှ တပ်ရင်းမှူး အာကာအောင်နဲ့ ဒုတပ်ရင်းမှူး ကျော်သူမောင်တို့သည် အာဏာဖီဆန်မှုဖြင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ အကျဉ်းထောင်မှာ အပြစ်ပေးထောင်ချခံနေရတယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက အတည်ပြု ပြောဆိုထားပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က အင်အား ၆၀ကျော်ရှိတဲ့ ခမရ-၂တပ်ရင်းနဲ့ ခမရ-၁၁၈ တပ်ရင်းတို့ ပါဝင်ခဲ့ပြီး ထိခိုက်သေဆုံးတာတွေ များစွာရှိခဲ့ကာ ရန်သူဘက် ထိခိုက်သေဆုံးတဲ့စာရင်းကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ KNU က ဆိုပါတယ်။



တိုက်ပွဲအတွင်း ဆက်သွယ်ရေးစက် ၁လုံး၊ 60mm ကျည် ၁၆လုံး၊ ရှေ့ထွက်မိုင်း ၆လုံး၊ ကားမိုင်း ၉လုံး၊ Jammer စက် ၂လုံး၊ မိုင်းရှာစက် ၂လုံး၊ စက်လက်ပြောင်း ၁ပြောင်း၊ ကွန်မန်ဒို ၆၀မမပြောင်း ၂လက်၊ ၄၀မမကျည် ၉လုံး၊ G3 ကျည်ဘောက် ၄ခု၊ MA ကျည်ဘောက် ၂ဘောက်၊ စစ်ခမောက် ၈လုံး၊ RPG ပို့ယမ်း ၃ထောင့်၊ RPG သီး ၁လုံး၊ ၇.၆၂ကျည် ၁၈၈၀တောင့်နဲ့ ၅.၅၆ကျည် ၃၀၂တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားချက်အရ သိရပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကော့ကရိတ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေကာ စစ်တပ်စစ်ကြောင်း အထိနာပြီး တပ်လန်ပြန်ဆုတ်ခဲ့ရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 3 Views
နိုဝင်ဘာလ (၆)ရက်။ အခုလဆန်းပိုင်းကစပြီး ကော့ကရိတ်မြောက်ပိုင်းရှိ ထီဖိုးစံရွာဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

စစ်ရေးအခြေအနေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲလမ်းမကို အသုံးမပြုဖို့ KNDF အသိပေးထား

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 4 Views
နိုဝင်ဘာလ (၆)ရက်။ ဒီကနေ့ကစပြီး မြေပြင်စစ်ရေးအခြေအနေတွေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ လမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာတာ မလုပ်ဖို့ KNDF က အသိပေးထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ နယူးဇီလန်လွှတ်တော် သတ်မှတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 3 Views
‌နိုဝင်ဘာလ (၆)ရက်။ မနေ့ကပြုလုပ်တဲ့ နယူးဇီလန်လွှတ်တော်မှာ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲအနေနဲ့ သတ်မှတ်ဖို့ အဆိုတင်သွင်းခဲ့ကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီအဆိုတင်သွင်းတာကို နယူးဇီလန်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်အတည်ပြုခဲ့သလို နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Rt Hon
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်မယ့် PPP ကိုယ်စားလှယ်လောင်းရဲ့ ရိုက်နှက်တာကြောင့် လူသေဆုံးမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 37 Views
နိုဝင်ဘာလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန်က တောင်ကြီးမြို့မှာ PPP ပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုသူက ရိုက်နှက်ရာမှာ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ တောင်ကြီးမြိုနယ် အေးသာယာမြို့နေ PPP ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးစိုင်းရွှေထီးရဲ့ နေအိမ်ရှိ
မြန်မာသတင်း

နေပြည်တော်မှာ မင်းအောင်လှိုင်ကို ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသ အနုပညာရှင်တွေက “ လတ်တီး” သီချင်းနဲ့ ဖျော်ဖြေ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 33 Views
‌နိုဝင်ဘာလ (၅)ရက်။ မနေ့က နေပြည်တော်ရှိ MICC-1 မှာ ရုရှားနိုင်ငံ နိုဗိုစီဗစ်ဒေသက နိုဗိုစီဗစ် “ Chaldony” State Song and Dance Ensemble အဖွဲ့က ဖျော်ဖြေခဲ့ကြတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဆဲလို့ KIO ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 32 Views
‌နိုဝင်ဘာလ (၅)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွေ ငြိမ်သက်သွားတယ်ဆိုပြီး သတင်းထွက်နေပေမယ့် မြေပြင်မှာ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေတယ်လို့ KIO ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမော်တိုက်ပွဲက နေ့တိုင်းလိုလို တိုက်ပွဲတွေရှိနေပါတယ်။ နမ့်ဖား၊ တာမိုင်းလုံ ဗန်းမော်တက္ကသိုလ်ရှိတဲ့ဘက်မှာ
မြန်မာသတင်း

ဖရူဆိုနဲ့ ဒီမော့ဆိုမှာ စစ်တပ်ရဲ့ ဗုံးကြဲတာတွေကြောင့် အရပ်သားတောင်သူ (၃)ဦးသေဆုံးပြီး (၈)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 5 ရက်
  • 34 Views
‌နိုဝင်ဘာလ (၅)ရက်။ ပြီးခဲ့တဲ့ထဲ ဖရူဆိုနဲ့ ဒီမော့ဆိုမြို့တို့မှာ အရပ်သားတောင်သူတွေ စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းတဲ့ လုပ်ငန်းခွင်ကို စစ်တပ်က အကြောင်းမဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ ဖရုဆိုမြို့ရှိ
မြန်မာသတင်း

မတ္တရာမြို့ကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 4 ရက်
  • 59 Views
‌နိုဝင်ဘာလ (၄)ရက်။ မတ္တရာမြို့က ထိန်းချုပ်ထားတဲ့နေရာတွေကို စစ်သည်အင်အား အကုန်ထုတ်သုံးပြီး ကာကွယ်သွားမယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖအနေနဲ့ တော်လှန်ရေးစတင်ချိန်ကထဲက အာဏာရှင်စနစ်ကို လက်နက်ကိုင်လမ်းစဉ်နဲ့ ရရာလက်နက်စွဲကိုင်ပြီး တော်လှန်မယ့်အဖွဲ့လို့ ဆိုပါတယ်။ မတ္တရာမြို့နယ်ပကဖဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို