တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိစစ်တပ်ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ဇူလိုင် ၂၈ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့်တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။
တိုက်ပွဲမှာ နာရီဝက်ကြာမြင့်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်ကို စုံစမ်းဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြိတ်ခရိုင် တပ်ရင်း(၁) ပုလော PDFကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားပြီးစစ်တပ်ရဲ့ ထိခိုက်မှု အခြေအနေကို စုံစမ်းစစ်စစ်နေဆဲဖြစ်ပြီး ပူးပေါင်းအဖွဲ့များဘက်က ထိခိုက်မှုမရှိဘူးလို့အသိပေးထားပါတယ်။
ဇူလိုင် ၂၇ရက်တွင်လည်း စစ်ကောင်စီ၏ ခလရ(၂၈၅)တပ်က ပုလောမြို့နယ် ကျောင်းနိမ့်ရွာသို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်အနီးနားရှိလူနေအိမ်တွေအနားကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပုလော PDFက ထုတ်ပြန်ထားပါတယ်။
အခုလိုဖြစ်ရပ်တွေကြောင့်ပုလောမြို့နယ်အတွင်းတိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများ စစ်ရေးသတင်း အမြဲ နားစွန့်ထားရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် တော်လှန်ရေး မဟာမိတ် အဖွဲ့များမှ သတင်းထုတ်ပြန်ချက်များကို ဂရုတစိုက်စောင့်ကြည့်၍ လေးစားလိုက်နာပေးရန် မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။
Era’sEye /(မြိတ်ခရိုင်တပ်ရင်း (၁)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)