စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ် ရေးဝန်ကြီးဌာန(စစ်ရုံးချုပ်)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ (၂၈)ရက်က ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကို ကျောက်မြောင်းဆိပ်ကမ်းနဲ့ သပိတ်ကျင်းဆိပ်ကမ်းကြား တနေရာမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လက်နက် ကြီး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်သင်္ဘောရဲ့ ဝမ်းဗိုက်တည့်တည့်နဲ့ ကိုယ်ထည်နောက်ပိုင်းကို လက်နက်ကြီး (၂)လုံး တိုက်ရိုက်ထိမှန်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန(စစ်ရုံးချုပ်)က ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်တွေအနေနဲ့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်သင်္ဘောကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၅၀၉)တပ်ရင်း၊ ရွှေဘိုခရိုင်တပ်ရင်း(၃)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(သပိတ်ကျင်း)နဲ့ Nine PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။