ပြည်သူများအနေနဲ့ ပန်းတိုင်အောင်ပွဲကိုသာ အာရုံပြုရန် (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ဇူလိုင် (၃၁) ရက်မှာ ပြည်သူတွေဆီကို သတင်းစကားပြောကြားလိုက်ပါတယ်။
ယာယီသမ္မတအနေ” နဲ့” ပြည်သူလူထုကို အသိပေးပြောကြားလိုတဲ့ သတင်းစကားတွေကို အလျဉ်းသင့်ရင် သင့်သလို “ သူ့ရဲ့” လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။
“ ကျနော်တို့ အားလုံးဟာ တော်လှန်ရေးမှာ လုပ်ကိုင် ဆောင်ရွက်ပုံတွေ မတူညီကြပေမယ့် လျှောက်တဲ့လမ်းချင်း တူလို့ လူချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွားသူချင်း တက်နိုင်သရွေ့ ညီညီညွတ်ညွတ် ဖေးဖေးမမနဲ့ ပန်းတိုင်အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာ ဖြစ်ပါတယ်” လို့ ယာယီသမ္မတက ပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အဓိကလုပ်ငန်းတာဝန်မှာ ပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် ပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေတာဟာ စစ်ကောင်စီဖြစ်တယ်လို့ ယာယီသမ္မတက ဇူလိုင် ၂၅ ရက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းနိုင်ရေးဟာ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်း” နဲ့” တိုက်ရိုက်သက်ဆိုင် နေတယ်လို့ အသိပေးထားပါတယ်။