စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ၃၀၀၀ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ဒီနေ့ မနက် ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ချင်းတွင်းမြစ် ဝဲ၊ ယာမှာရှိတဲ့ ကျေးရွာတွေကို လက်နက်ကြီး၊လက်နက်ငယ် တွေနဲ့ အကြောင်းမဲ့ ပစ်ခတ်ပြီး အင်အား ၇၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းက မြေပြင်ကနေလည်း စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ယင်းမာပင်မြို့နယ်၊စုန်းချောင်း၊စည်သူ၊သံဘိုနဲ့ ကျော်မှော်ရွာတို့က ဒေသခံတွေ နေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ စုန်းချောင်းရွာကနေ ပန်းထိမ်ပြင်ကျေးရွာနဲ့ စည်ကူရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်၊ မနက် ၂ နာရီခန့်ကလည်း စုန်းချောင်းရွာကို စစ်တပ်ကဝင်ရောက်စီနင်းပြီး ပကဖ ရဲဘော်တွေအပါအဝင် အရပ်သားပြည်သူ ၁၄ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။ Era’sEye\News