ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ပခုက္ကူ ခရိုင်တပ်ရင်းတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၆၃) ဦးသေဆုံးခဲ့ကာ (၈၀) ဦးဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် တပ်ရင်း (၂) (၃) (၄) (၅) (၆) (၈) (၁၀) (၁၁) (၁၂) (၁၉) တပ်ရင်းတွေနဲ့ စစ်ကောင်စီရဲ့ တပ်မ (၅၅)၊ တပ်မ (၇၇)၊ တပ်မ(၉၉)၊ တပ်မ (၁၀၁)၊ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ ခလရ(၂၅၈)၊ ခလရ(၂၅၁)၊ ပျုစောထီးတွေအကြား တိုက်ပွဲ အကြိမ် ၂၀ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်၊ ရေစကြိုမြို့နယ်၊ ပေါက်မြို့နယ်၊ ပခုက္ကူမြို့နယ်၊ ဆောမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၃) ဦး ကျဆုံးခဲ့ပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
Era’sEye\News