နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘီယာထိုင်သောက်နေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ပခုက္ကူမြို့အတွင်းက ဘီယာဆိုင်တစ်ဆိုင်မှာ ဘီယာထိုင်သောက်နေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)(စစ်ရုံးချုပ်)ကဒီကနေ့သြဂုတ်(၂) ရက် မှာသတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၈ရက်နေ့ နေ့လည် ၂နာရီ ၂မိနစ်အချိန်က ပခုက္ကူမြို့နယ်၊ မြစ်ခြေ-ကမ္မလမ်း ပေါ်က ဆုံစည်းရာဘီယာဆိုင်မှာ ဘီယာထိုင်သောက်နေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို ပခုက္ကူခရိုင် တပ်ရင်း(၈)က ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုမှာ  စစ်ကောင်စီတပ်သားတစ်ဦးဟာ ဆိုင်ကယ်စီးပြီး ထွက်ပြေးခဲ့တာကြောင့်လိုက်လံထပ်မံပစ်ခတ်ခဲ့ရာမှာ လမ်းဘေးက ရေမြောင်းထဲကို ကျည်ထိမှန်ဒဏ်ရာနဲ့ လဲကျခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်ခံရပြီး ရေမြောင်းထဲလဲကျနေတဲ့ စစ်ကောင်စီတပ်သားက လက်နက်ချအညံ့မခံတာကြောင့် အသေပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားတွေဆီက MA-1 (၂)လက်နဲ့ 5.56 ကျည် (၁၇)တောင့် သိမ်းဆည်းရမိခဲ့တယ်လို့လည်း အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye/News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နေပြည်တော်မှာ ပိတ်မိနေသူတစ်ဦးကို မြန်မာနဲ့ စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ ငလျင်ကြောင့် နေပြည်တော်မှာ ပိတ်မိနေသူတွေကို မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်တင်နေရာ နေပြည်တော်
မြန်မာသတင်း

နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 10 Views
မတ်လ (၃၀) ရက်။ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က
မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း အပါအဝင် စစ်ကိုင်းမြိုက ပြိုကျအဆောက်အုံတွေမှာ ပိတ်မိနေတဲ့ ၃၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊
မြန်မာသတင်း

ရှမ်းပြည်နယ် အောင်ပန်းဟိုတယ် ပြိုကျမှုမှ (၂၀) ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အောင်ပန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ “ အောင်ပန်းဟိုတယ်” မှာ ပြိုကျပျက်စီးသွားပြီး လူများ ပိတ်မိနေခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်လျက်ရှိရာ ဒီနေ့ မတ်
မြန်မာသတင်း

မြန်မာနိုင်ငံငလျင်ဘေးသင့်ပြည်သူများအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ ၂ သန်း ကူညီမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာပြည်အလယ်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ အလွန်အင်အားကြီးတဲ့ ငလျင်ဒဏ်သင့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးတဲ့ အဖွဲ့အစည်းတွေကတဆင့် အမေရိကန် ဒေါ်လာ၂ သန်း ပံ့ပိုးကူညီပေးအပ်သွားမယ်လို့ ရန်ကုန်ရှိ
မြန်မာသတင်း

မြန်မာနိုင်ငံငလျင် အဏုမြူဗုံး ၃၃၄ လုံးနှင့် ညီမျှတဲ့စွမ်းအင်ကို ထုတ်လွှတ်ခဲ့တယ်လို့ အမေရိကန် အမေရိကန်ဘူမိဗေဒပညာရှင်ပြော

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 12 Views
မတ်လ (၃၀) ရက်။ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇.၇ ရှိ ငလျင်ဟာ အနုမြူဗုံး ၃၃၄ နဲ့ ထုတ်လွှတ်တဲ့စွမ်းအင်ကို ထုတ်လွှတ်ခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒပညာရှင် ဂျက်ဖီနစ်စ် (Jess
1027 Operations မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် တအာင်းပြည်ထဲ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 7 Views
မတ်လ (၂၉)ရက်။ မနေ့က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ဖြစ်စဉ်ထဲ တအာင်းပြည်ရှိ မြို့နယ်တွေမှာ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ကြောင့် တအာင်းပြည်ထဲ နမ့်ခမ်း၊ မိုးကုတ်၊ ကွတ်ခိုင်၊ သီပေါ၊
မြန်မာသတင်း

စစ်ကိုင်းမြို့ ငလျင်ဒဏ်ကြောင့် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းပြိုကျရာ မူကြိုတက်နေသည့် ကလေးငယ်များနှင့်အတူ ကျောင်းတည်ထောင်သူ ကျောင်းအုပ်ဆရာမကြီးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 29 ရက်
  • 15 Views
မတ်လ (၂၉) ရက်။ စစ်ကိုင်းမြို့ အပ်ချုပ်စု ရပ်ကွက်ရှိ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ခြင်းဖြစ်ရာ မူကြိုတက်နေသည့် ကလေးငယ်များနှင့်အတူ ကျောင်းတည်ထောင်သူ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာမအချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းအဆောက်အအုံ ပြိုကျသွားတဲ့အချိန် လွတ်မြောက်ခဲ့တဲ့ ကလေးငယ်အချို့