နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 18 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဆားလင်းကြီးမြို့ ညောင်ပင်ကြီးကျေးရွာ အုပ်စုက ဒေသခံတွေ စစ်ဘေးရှောင်ရတဲ့ ကာလ ကြာလာတာနဲ့အမျှ အခက်အခဲတွေ ပိုများလာ

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၃) ရက်၊ ခေတ်မျက်လုံး။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ညောင်ပင်းကြီးစခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ နေအိမ်ပြန်ခွင့် မရသေးတာ တစ်လကျော်အထိ ရှိပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

ဇွန်လပိုင်းကစပြီး ညောင်ပင်ကြီးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းကာ ကျေးရွာတွေအတွင်း စီးနင်းဝင်ရောက်သောင်းကျန်းတာတွေကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ တစ်လကျော်အထိ ရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီက ပြည်သူတွေအပေါ် ဒီလိုယုတ်မာနေတာဆိုတော့ ကျွန်တော်တို့ ဆုံးရှုံးမှုအတွက်ကို ဝမ်းမနည်းတော့ဘူး၊ ဒီလိုဖြစ်လာမယ်ဆိုတာကိုလည်း ပြည်သူတွေ ကြိုတင်မှန်းထားကြတယ်၊ ဒါပေမယ့် အဲ့ဒီနေ့က ရုတ်တရတ်ကြီးဆိုသလို ဖြစ်လာတဲ့အခါကျတော့ ဘာမှကိုယူချိန်မရလိုက်ကြဘူး။ ကျွန်တော်တို့ပြည်သူတွေ ဆုံးရှုံးရတာတွေ များနေကြပါပြီ။ ဒါပေမယ့် ဝမ်းမနည်းပါဘူး၊ ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို အဆုံးထိတိုင် တိုက်သွားကြသွားမှာပါ”လို့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်ဆုံးရှုံးခဲ့ရတဲ့ မီးဘေးသင့်ဒေသခံတစ်ဦးက ဆိုပါတယ်။

ညောင်ပင်ကြီးကျေးရွာအုပ်စုမှာ မီးဘေးသင့်ဒေသခံ (၁၀၀) ထက်မနည်းရှိနေပြီး စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ရတဲ့ကာလ ကြာလာတာနဲ့အမျှ စားဝတ်နေရေးအခက်အခဲတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး လိုအပ်ချက်တွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။

“အခုကျမတို့အနေနဲ့က ကိုယ့်ဘာသာ ချက်စားကြတာပေါ့နော်။ အလှူရှင်တွေ လာလှူတာတွေ ရှိပေမယ့် အိမ်ထောင်စုတွေနဲ့ လူဦးရေတွေများတာနဲ့ဆိုတော့ ရက်ဆက်ဆိုရင် မလုံလောက်တော့ဘူး။ ကူညီပေးနေတဲ့ လူငယ်လေးတွေအနေနဲ့လည်း နေ့တိုင်း ချက်ကျွေးဖို့ဆိုတာ အဆင်မပြေဘူးလေ။ အဲ့တော့ ကျမတို့အနေနဲ့ ရွာထဲ ရရာအလုပ်လေးတွေလုပ်ပြီး အချက်ကလေး ဟင်းသီးဟင်ရွက်လေးတွေကို မရှိတဲ့အခါဝယ်စားရတာပေါ့။ မြို့ပေါ်တက်ဖို့ဆိုတာလည်းမလွယ်ဘူးလေ၊ အခု အများနဲ့နေရတဲ့အခါတွေမှာ ကိုယ့်အိမ်လိုမျိုးတော့ ဘယ်လွတ်လပ်ပါ့မလဲ၊ ဒါပေမယ့်လည်း အဆင်ပြေအောင်နေကြရတာပေါ့”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၂၀ရက်ကလည်း စစ်ကောင်စီတပ်ဟာ အင်အား (၁၀၀) ခန့်နဲ့ မုံရွာဘက်ခြမ်းကနေ ချင်းတွင်းမြစ်ကိုဖြတ်ပြီး ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းအပါအဝင် အနောက်ခြမ်းနဲ့ တောင်ခြမ်းတစ်လျှောက် ရွာတွေကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ယင်းမာပင်ခရိုင် တပ်ရင်း (၂၈) က ပြောဆိုထားပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် စစ်ဘေးရှောင်ဒေသခံတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး မီးဘေးသင့်ပြည်သူများအနေနဲ့လည်း ပြန်စရာအိမ်တွေ မရှိတော့တဲ့အပြင် စစ်ဘေးရှောင်စခန်းတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 4 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 12 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 15 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်
မြန်မာသတင်း

စစ်တပ်ရဲ့ အမျိုးသားလွှတ်ဥက္ကဋ္ဌနေရာ အောင်လင်းဒွေးကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 14 Views
မတ်လ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းက အမျိုးသားလွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပခဲ့တယ်လို သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အမျိုးသားလွှတ်တော်အစည်းအဝေးကို သဘာပတိအနေနဲ့ ဒေါ်ဒွဲဘူကို ရွေးကောက်တင်မြှောက်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကိုပါ ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အောင်လင်းဒွေးကို
မြန်မာသတင်း

အစ္စရေး၏ တိုက်ခိုက်မှုအတွင်း ထိပ်တန်းလုံခြုံရေးအကြီးအကဲ သေဆုံးပြီးနောက် အီရန်က လက်စားချေမည်ဟု ကြုံးဝါး

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက် ထိုအတောအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင် အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ပြီး၊ အမေရိကန်ကမူ ဟော်မုဇ် ရေလက်ကြားတစ်လျှောက်ရှိ အီရန်ဒုံးကျည်စခန်းများပေါ်သို့ ပေါင်
မြန်မာသတင်း

မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 23 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၀)ရက်နေ့က မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစိုးရရဲ့ ယူနစ်တပ် ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဒေသထဲတနေရာမှာ ပြုလုပ်ခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းကို ဇန်နဝါရီလ အစောပိုင်းက စတင်ခဲ့ပြီး သင်တန်းကာလ စုစုပေါင်း
မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 35 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပခုက္ကူအနောက်ခြမ်း ကန်တော်ရွာကနေ ညောင်ဂျစ်ပင်ပျူစောထီးရွာကို အင်အား (၇၀)ကျော်နဲ့ ထွက်လာတဲ့
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 30 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်းကစပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်ကို ရောက်နေကြပြီ။ အပစ်ရပ်တာကတော့