နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 31 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပခုက္ကူခရိုင် တပ်ရင်း ၁၃ ရှေ့တန်းစခန်း စီးနင်းခံရ

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ ဗျင်းရွာမှာရှိတဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၃ ရှေ့တန်းစခန်းတစ်ခု စီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မနေ့မနက် ၆ နာရီကျော်မှာ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကျပ်ထိုးရဲစခန်းဘက်ကနေ ဗျင်းရွာဘက်ကိုရောက်လာပြီး စခန်းကိုဝင်စီးသွားတာလို့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စခန်းဝင်စီးချိန်မှာ ပစ်ခတ်ဝင်စီးခဲ့ပေမယ့် စခန်းမှာကျန်နေခဲ့တဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ထွက်လာနိုင်ခဲ့တယ်လို့် သိရပါတယ်။

စခန်းစီးနင်းခံရလို့ ဆိုင်ကယ် ၁၃ စီး၊ စားနပ်ရိက္ခာ၊ လက်လုပ်သေနတ် ၃ လက်၊ ခဲယမ်းအချို့နဲ့ မိုင်းတွေ သိမ်းဆည်းခံလိုက်ရပြီး ခန့်မှန်းတန်ဖိုးသိန်း၇၀ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီအဖွဲ့ဟာ ဆိုင်ကယ်တွေနဲ့ တဲတွေကို မီးရှို့သွားပြီး ရွာကပြန်ထွက်ချိန် ဒေသခံအမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၅ ဦးကို ပစ္စည်းတွေသယ်ဖို့ ဖမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

Era’sEye\ News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ငလျင်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံအဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီသတ်မှတ်

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 1 Views
မတ်လ (၃၁)ရက်။ အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် အခုရက်သတ္တပတ်ကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အနေနဲ့ သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ
မြန်မာသတင်း

လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်အောင် စောင့်ကြည့်ဖို့ KNU တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 0 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ပေးအပ်တဲ့ လူသားစာနာတဲ့အကူအညီတွေကို စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထု‌တ်အောင် စောင့်ကြည့်ဖို့ KNU ရဲ့
မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးမှာ ဝိုင်းဝန်းကူညီပေးဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 0 Views
ငလျင်ကြောင့် စစ်ကောင်းစီဝန်ကြီး ရုံးခန်းပျောက်ပြီး အဆောက်အဦအပြင်ကနေ အစည်းအဝေးတက်ခဲ့ရ မတ်လ (၃၁)ရက်။ မနေ့က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးကို စစ်ကောင်စီဘက်က နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အထူးအရေးပေါ်အစည်းအဝေးမှာ မြန်မာနဲ့ ထိုင်းတို့မှာ
မြန်မာသတင်း

Sky Villa ကွန်ဒို ရှာဖွေကယ်ဆယ်တာ ရပ်နားပေမယ့် မြောက်ဘက်ခြမ်းမှာ ဆက်လုပ်နေ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 0 Views
မတ်လ (၃၁)ရက်။ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးရှိ Sky Villa ကွန်ဒိုမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်တာက တောင်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းတွေမှာပါ။ အဲ့ဒီဘက်တွေမှာ
မြန်မာသတင်း

နေပြည်တော်မှာ ပိတ်မိနေသူတစ်ဦးကို မြန်မာနဲ့ စင်ကာပူ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 10 Views
မတ်လ (၃၀) ရက်။ ငလျင်ကြောင့် နေပြည်တော်မှာ ပိတ်မိနေသူတွေကို မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့နဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်တင်နေရာ နေပြည်တော် သပြေကုန်းရုပ်ရှင်ရုံ သစ္စာလမ်းရှိ နေအိမ်အတွင်း နာရီ လေးဆယ်ကျော်ကြာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို မနေ့ည
မြန်မာသတင်း

နေပြည်တော်တွင် အပျက်အစီးများကြား နာရီ ၄၀ နီးပါးကြာ ပိတ်မိနေသူတစ်ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 11 Views
မတ်လ (၃၀) ရက်။ မြန်မာနိုင်ငံ၊ နေပြည်တော်မှာ မြန်မာနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့က မတ် ၃၀ ရက် မနက် ၅ နာရီမှာ သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအား ကယ်တင်နိုင်ခဲ့တယ်လို့
မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း အပါအဝင် စစ်ကိုင်းမြိုက ပြိုကျအဆောက်အုံတွေမှာ ပိတ်မိနေတဲ့ ၃၆ ဦးကို ကယ်ထုတ်နိုင်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က) (၁) စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊
မြန်မာသတင်း

ရှမ်းပြည်နယ် အောင်ပန်းဟိုတယ် ပြိုကျမှုမှ (၂၀) ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်

  • 2025 ခုနှစ်၊ မတ်လ 30 ရက်
  • 9 Views
မတ်လ (၃၀) ရက်။ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အောင်ပန်းမြို့၊ အမှတ်(၄) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးရှိ “ အောင်ပန်းဟိုတယ်” မှာ ပြိုကျပျက်စီးသွားပြီး လူများ ပိတ်မိနေခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကူညီရေးအသင်းဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်လျက်ရှိရာ ဒီနေ့ မတ်