ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေမှာ ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း (၆၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဖွဲ့ဝင် (၉၅) ဦးသေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က ဗိုလ်ကြီး တစ်ဦး အပါအဝင် (၉၅) ဦးသေဆုံးခဲ့ပြီး ဗိုလ်မှူး တစ်ဦး၊ ဗိုလ်ကြီး ငါးဦးအပါအဝင် (၈၉) ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (K.N.D.O)နဲ့ စစ်ရေး ကွပ်ကဲမှုအောက်က ပူးပေါင်းစစ်ကြောင်းတွေဘက်က ရဲဘော် သုံးဦးကျဆုံးခဲ့ပြီး (၂၆) ဦး ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
မြဝတီမြို့အနီးက လက်ခတ်တောင်စစ်ကောင်စီတာဝါတိုင်စခန်းကုန်းကို KNLA တပ်မဟာ(၆) ပူးပေါင်းတပ်က ဇူလိုင် (၂၀) ရက်က စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး
တစ်ရက်အကြာမှာသိမ်းပိုက်နိုင်ခဲ့ပါတယ် ။ အဲဒီတိုက်ပွဲ ကနေ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ပါတယ်။
လက်ရှိအနေအထားမှာ စစ်ကောင်စီအနေနဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းယူနိုင် ရေး ကြိုးပမ်းလျက်ရှိနေပြီးတော့ နှစ်ဘက် စစ်ရေးတင်းမာလျက်ရှိနေတယ်လို့သိရပါတယ်။Era’sEye\News