နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

နွေဦးတော်လှန်ရေးမှာ ရှစ်လေးလုံးက သင်ခန်းစာတွေကို ပြန်သုံးသပ်ပြီး အသုံးချဖို့လိုတယ်လို့ NUG ဝန်ကြီးပြော

အခုနွေဦးတော်လှန်ရေးမှာ ရှစ်လေးလုံးက သင်ခန်းစာတွေကို ပြန်သုံးသပ်ပြီး အသုံးချဖို့လိုတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဩဂုတ်လ (၈)ရက်နေ့မှာ ကျရောက်မယ့် (၈၈၈၈)အရေးတော်ပုံ (၃၅)နှစ်ပြည့်အနေနဲ့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဒီကနေ့ ဩဂုတ်လ (၇)ရက်မှာ အမှတ်တရစကားပြောဆိုခဲ့တာပါ။

“ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ရှစ်လေးလုံးထက် ပိုမိုအဓိပ္ပါယ်ပြည့်စုံလာတာကတော့ ဒီမိုကရေစီထက် ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုလာကြတယ်။ အလွှာအသီးသီး ပါဝင်လာကြတယ်။ ပြည်တွင်းပြည်ပ ထောက်ခံမှုအားတွေ ပံ့ပိုးမှုအားတွေ ပိုမိုတိုးတက်လာပါတယ်” လို့ ၎င်းက ပြောပါတယ်။

စစ်အာဏာရှင်ခြောက်တိုင်း မကြောက်သွားဘဲ ပြည်သူတွေအားလုံးက စနစ်တစ်ခု ပပျောက်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်နေတာဟာ နွေဦးတော်လှန်ရေးရဲ့ ပိုမိုထူးခြားတဲ့အရာတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရှစ်လေးလုံးကစတင်ခဲ့တဲ့ တော်လှန်ရေးမျိုးဆက်တွေကို နွေဦးတော်လှန်ရေးမှာ ဆက်လက်သယ်ဆောင်ရုံတင်မကဘဲ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်မှ စစ်အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ထူထောင်နိုင်မှာဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

#Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၃၀၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 10 Views
အောက်တိုဘာလ (၁)ရက်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာကြောင့် ပြည်သူ (၃၀၂၃)ဦး သေဆုံးခဲ့တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပရှိ စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 22 Views
အောက်တိုဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီ (၅၀)မိနစ်အချိန် မြောက်ဥက္ကလာပမြို့ရှိ စစ်တပ်လက်အောက်ခံ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းတဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ထပ်မံကြေညာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 22 Views
အောက်တိုဘာလ (၁)ရက်။ စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်လုံခြံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဟာ အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာခံထားရတဲ့ စစ်ကောင်စီကို ဆက်ခံတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မောင်တောမှာ ARSA က သတ်ဖြတ်ထားတဲ့ ရွာသား(၆)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 19 Views
အောက်တိုဘာလ (၁)ရက်။ ‌စက်တင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၃)နာရီအချိန်ခန့်က မောင်တောမြို့ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက်ရှိ ငှက်ပျောတောအုပ်ထဲမှာ ရုပ်အလောင်း (၆)လောင်းကို တွေ့ရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငှက်ပျောတောအုပ်ထဲ ရုပ်အလောင်းတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင် အပိုထောက်ပံ့ကြေး တိုးမြှင့်ပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 18 Views
အောက်တိုဘာလ (၁)ရက်။ အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအပါအဝင် နေ့စားဝန်ထမ်းတွေကို အခုလကစပြီး အပိုထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ အရပ်ဘက်နဲ့ စစ်ဘက် ဝန်ထမ်းတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့
မြန်မာသတင်း

ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 51 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကျောက်မဲမြို့ထဲကို စကစက ဒရုန်းနဲ့ မီးလောင်ဗုံးတွေ အသုံးပြုပြီး ကြဲချ‌တိုက်ခိုက်နေတာ၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးတာတွေရှိတယ်။
မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 48 Views
စက်တင်ဘာလ (၃၀)ရက်။ အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။ ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ