တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ထားဝယ်မြို့ကနေ ရိက္ခာဝယ်ယူပြီး ပြန်လာတဲ့ စစ်ကောင် စီကားတစ်စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံကနေ သိရပါတယ်။
မနေ့ နေ့လည် ၁၂နာရီ ဝန်းကျင်မှာ သတင်းကြိုရတာကြောင့် စစ်ဆေေနေချိန် စစ်ကောင်စီရိက္ခာကားမှာ မောင်းနှင်ထွက်ပြေးတဲ့အတွက် လိုက်လံပစ်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကောင်စီရိက္ခာကားဟာ လောင်းလုံးမြို့နယ် လေကြောင်းရန်ကာကွယ်ရေးစခန်း (လားဘိုတောင်စခန်း) နဲ့ စမ်းလှန်းတောင်ပေါ်က မိုင်တဲတာဝါတိုင်စခန်းအတွက် ထားဝယ်မြို့ကနေ ရိက္ခာယူပြီးပြန်လာတာဖြစ်တယ်လို့သိရပါတယ်။
ကားကိုလိုက်လံပစ်ခတ်ရာ အင်းဇောက်ကျေးရွာလမ်းဆုံးအနီးမှာ ဘီးပေါက်ပြီး ကားပေါ်လိုက်ပါလာသူတွေဟာ အနီးနားက ဘိလိယက်ခုံအနောက်ကို ထွက်ပြေးခဲ့ကြတာ ကြောင့် ပစ်ခတ်ခဲ့ပြီး တစ်ဦးသေဆုံးမှုရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သေဆုံးသူဟာ ဘိလိယက်ခုံအတွင်းက ပြည်သူတစ်ဦးဖြစ်ပြီး မှားယွင်းပစ်ခတ်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း လောင်းလုံးပကဖကဆိုပါတယ်။
Era’sEye \News