ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်တွေ တားမြစ်ခံထားရတဲ့ စစ်ကောင်စီက အာဆီယံအဖွဲ့ဝင်နိုင်အဖြစ် ဆက်လက်ပူးပေါင်းသွားမယ်လို့ စစ်ကောင်စီဥက္ကဌက ပြောဆိုလိုက်ပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ရဲ့ (၅၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ စစ်ကောင်စီဥက္ကဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
ဒေသတွင်းရှိ ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အာဆီယံပဋိပညာဉ်စာတမ်းပါ အချက်တွေကို လေးစားလိုက်နာဖို့ ၎င်းက ဆိုထားပါတယ်။
မြန်မာအနေနဲ့ တာဝန်ရှိတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း စစ်ကောင်စီဥက္ကဌက ကတိပြုပြောဆိုခဲ့တာပါ။
စစ်ကောင်စီဥက္ကဌနဲ့ အာဆီယံခေါင်းဆောင်တို့ရဲ့ ဘုံသဘောတူညီချက် ၅ချက်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်နိုင်ခြင်းမရှိတာကြောင့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ကို တားမြစ်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။
Era’sEye \News