ချင်းတွင်းမြစ်ကမ်းတစ်နေရာမှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေ စနိုက်ပါနဲ့ ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့တယ်လို့ KLG တပ်မဟာ(ကျောက်လုံးကြီး)ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီခန့်က မုံရွာ-အလုံ မင်းဒေါင့်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအပါအဝင် ထောက်ပို့သင်္ဘော (၁၂)စင်းကို ချင်းတွင်းမြစ်ကမ်းတစ်နေရာအရောက်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့ကာ သေဆုံးသွားတဲ့ ရုပ်အလောင်းကို ကနီမြို့ဆေးရုံတောင်ဘက်ရှိ သင်္ချိုင်းကုန်းမှာ မီးသင်္ဂြိုလ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ စစ်သင်္ဘောအပါအဝင် ထောက်ပို့သင်္ဘောတွေကို ယင်းမာပင်ခရိုင်တပ်ရင်း (၂၁)/(၂၂)/(၂၃) KLG PDF(ကျောက်လုံးကြီး)အဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
#Era’sEye \News