ပြည်သူတစ်ရပ်လုံးနဲ့အတူ ရပ်တည်ချက် ခိုင်မာစွာနဲ့ ခေတ်အဆက်ဆက် အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ ကရင်တစ်မျိုးသားလုံးနဲ့ ကရင်တိုင်းသားခေါင်းဆောင်တွေကို ဂုဏ်ပြုဦးညွတ်တယ်လို့ CRPH က ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဩဂုတ်လ (၁၂)ရက်မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင်အာဇာနည်နေ့ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သ၀ဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အခု နွေဦးတော်လှန်ရေးမှာလည်း အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နဲ့ တသားတည်း ပေါင်းစုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမှာ သွေးစည်းညီညွတ်စွာ ထမ်းဆောင်နေတာကို ၀မ်းသာဂုဏ်ယူတယ်လို့ ဆိုထားပါတယ်။
ကရင်တစ်မျိုးသားလုံးအနေနဲ့ မျှော်မှန်းချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး နွေဦးတော်လှန်ရေး အောင်မြင်မှုတွေကို အားလုံးနဲ့အတူ စုစည်းမှုအင်အားနဲ့ တည်ဆောက်ရယူကာ မဝေးတဲ့ အချိန်တစ်ခုမှာ တည်ထောင်နိုင်မှာကို အကြွင်းမဲ့ယုံကြည်တယ်လို့ ရေးသားထားပါတယ်။
CRPH အနေနဲ့လည်း ပြည်သူတွေရဲ့အကျိုးအတွက် အာဏာရှင်စနစ်ကို အပြီးသတ် အမြစ်ဖြတ်နိုင်ရေးမှာ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သ၀ဏ်လွှာမှာ ကတိပြုပြောဆိုထားကြောင်း သိရပါတယ်။
#Era’sEye \News