နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူနဲ့အတူ အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ ကရင်တစ်မျိုးသားလုံးနဲ့ ခေါင်းဆောင်တွေကို ဂုဏ်ပြုကြောင်း CRPH ထုတ်ပြန်

ပြည်သူတစ်ရပ်လုံးနဲ့အတူ ရပ်တည်ချက် ခိုင်မာစွာနဲ့ ခေတ်အဆက်ဆက် အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ ကရင်တစ်မျိုးသားလုံးနဲ့ ကရင်တိုင်းသားခေါင်းဆောင်တွေကို ဂုဏ်ပြုဦးညွတ်တယ်လို့ CRPH က ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဩဂုတ်လ (၁၂)ရက်မှာ ကျရောက်တဲ့ (၇၃)နှစ်မြောက် ကရင်အာဇာနည်နေ့ကို ‌ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သ၀ဏ်လွှာပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အခု နွေဦးတော်လှန်ရေးမှာလည်း အခြားတော်လှန်ရေးအင်အားစုအသီးသီးတို့နဲ့ တသားတည်း ပေါင်းစုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးမှာ သွေးစည်းညီညွတ်စွာ ထမ်းဆောင်နေတာကို ၀မ်းသာဂုဏ်ယူတယ်လို့ ဆိုထားပါတယ်။

ကရင်တစ်မျိုးသားလုံးအနေနဲ့ မျှော်မှန်းချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ပြီး နွေဦးတော်လှန်ရေး အောင်မြင်မှုတွေကို အားလုံးနဲ့အတူ စုစည်းမှုအင်အားနဲ့ တည်ဆောက်ရယူကာ မဝေးတဲ့ အချိန်တစ်ခုမှာ တည်ထောင်နိုင်မှာကို အကြွင်းမဲ့ယုံကြည်တယ်လို့ ရေးသားထားပါတယ်။

CRPH အနေနဲ့လည်း ပြည်သူတွေရဲ့အကျိုးအတွက် အာဏာရှင်စနစ်ကို အပြီးသတ် အမြစ်ဖြတ်နိုင်ရေးမှာ တော်လှန်ရေးအင်အားစုအသီးသီးနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ သ၀ဏ်လွှာမှာ ကတိပြုပြောဆိုထားကြောင်း သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်ကို လှောင်ပြောင်လို့ဆိုပြီး ငါးမင်းဆွေကို စစ်ကောင်စီ ဖမ်းဆီး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ကျိုက်ထိုမြို့နယ် ဖက္ကလိပ်ကျေးရွာမှာ ဦးမင်းဆွေ(ခ)ငါးမင်းဆွေကို ဖမ်းဆီးခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ ငါးမင်းဆွေဟာ
မြန်မာသတင်း

အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန် စစ်ကောင်စီက ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ကြိုးစားတာလို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၉)ရက်။ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှာ စစ်ကောင်စီက လွတ်ငြိမ်းပေးပြီး ပြန်လွှတ်ပေးတာက ထောင်ထဲ ဆေးဝါးမလုံလောက်ဘဲ သေဆုံးရတာကို ဖုံးကွယ်ဖို့ ကြိုးစားတာလို့
မြန်မာသတင်း

တောင်ငူမြို့နယ်ထဲ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးနေရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက်ပိုင်းအချိန်ကစပြီး တောင်ငူမြို့ အိုင်ဇောက်ရွာဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် အနီးရှိကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေကြရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ မနေ့က နံနက်အစောပိုင်းထဲက အိုင်ဇောက်ရွာမှာ အထိုင်ချထားတဲ့ စကစတပ်နဲ့
မြန်မာသတင်း

ရန်ကုန်ရှိ စမ်းချောင်းမြို့က ငွေလဲကောင်တာတခု လုယက်ခံရကာ ဆိုင်မန်နေဂျာ ဓါးထိုးခံရပြီးသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နေ့လယ် (၃)နာရီ (၄၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတစ်ခု လုယက်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်‌အရ သိရပါတယ်။ “ စမ်းချောင်း ဗားကရာလမ်းမှာ ဖွင့်ထားတဲ့ ငွေလဲကောင်တာကို
မြန်မာသတင်း

ပုဂံက ဟိုတယ်တစ်ခုမှာ ဟိုတယ်မန်နေဂျာနဲ့ ဝန်ထမ်းတွေက လာရောက်တည်းခိုတဲ့ လူငယ်တွေကို ရိုက်နှက်ရာက တစ်ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1 Views
နိုဝင်ဘာလ (၉)ရက်။ နိုဝင်ဘာလ (၃)ရက်နေ့ ညပိုင်းအချိန်က ပုဂံဒေသရှိ ရွှေစည်းခုံဘုရားအနီးက Cheri Land River House ဟိုတယ်မှာ လာရောက်တည်းခိုတဲ့ လူငယ်တွေကို ဟိုတယ်မန်နေဂျာအပါအဝင် ဝန်ထမ်းတွေက ရိုက်နှက်ခဲ့ကာ တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိသားစုဝင်နဲ့
မြန်မာသတင်း

ကျွန်းလှမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီးစစ်ကြောင်းက အရပ်သား (၂)ဦးကို သတ်ဖြတ်ပြီး (၃)ဦးကို ဖမ်းဆီးသွား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 4 Views
နိုဝင်ဘာလ (၉)ရက်။ မနေ့က နံနက် (၉)နာရီကျော်အချိန်က ကျွန်းလှမြို့နယ်၊ သအင်းသရက်တောရွာကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဝင်ရောက်မီးရှို့ပြီး အရပ်သား (၂)ဦးကို သတ်ဖြတ်ကာ (၃)ဦးကို ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ အင်အား
မြန်မာသတင်း

ဆေးကုသမှုခံယူနေရတဲ့ ဖမ်းဆီးခံ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင် အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံမှာ ကွယ်လွန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 2 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က ည‌ (၁၀)နာရီခန့်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကိုခံထားရတဲ့ NLD ရဲ့ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ အဆုတ်ရောင်ရောဂါနဲ့ မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ သူက ဖမ်းဆီးခံထားရတဲ့အချိန် ထောင်ထဲမှာ
မြန်မာသတင်း

မှော်ဘီလေတပ်စခန်း တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 3 Views
‌နိုဝင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက် (၁)နာရီခန့်က ရန်ကုန်ရှိ မှော်ဘီလေတပ်စခန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Urban Special Operation(USO)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မှော်ဘီလေတပ်စခန်းကို မြို့ပြအထူးစစ်ဆင်ရေးအနေနဲ့ တာဝေးပစ် မစ်ဇိုင်းဒုံး (၄)လုံးနဲ့