ကချင်ပြည်နယ်၊ ရွှေကူမြို့ကို ရောက်ရှိလာတဲ့ စစ်ကောင်စီရေယာဥ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့က နှစ်ရက် ဆက် တိုက်ခိုက်ခဲ့ဝာယ်လို့ သတင်းရရှိပါတယ်။
အဲဒီ့ စစ်သင်္ဘောအုပ်စုကို ဩဂုတ် ၁၃ရက်နဲ့ ဒီနေ့မနက်မှာ လက်နက်မျိုးစုံအသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
လက်နက်နဲ့ ရိက္ခာများတင် ဆောင်လာတဲ့ စုစုပေါင်း သင်္ဘောကိုးစီးပါ စစ်ကောင်စီရေယာဉ်အုပ်စုဟာ မန္တလေးမြို့ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဇူလိုင်လ ၂၆ ရက်ကစတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတာပါ။
ဩဂုတ် ၇ ရက်နေ့ကလည်း ရွှေကူမြို့နယ်ကို ဝင်ရောက်လာချိန်ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ စစ်သင်္ဘောတစ်စီး ထိခိုက်ခဲ့ပါတယ်။
Era’sEye \News