ပြီးခဲ့တဲ့ ၁၀ ရက်နေ့တုန်းက မုံရွာမြို့မှာ မီးဖွားဖို့ သိပ်မလိုတော့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး အသတ်ခံခဲ့ရပါတယ်။
ဓားပြတိုက် လုယက်မှုလို့ သုံးသပ်မှုတွေ ရှိနေသလို တစ်ဖက်ကလည်း ဒေသတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့ရဲ့ လုပ်ရပ်လို့ သုံးသပ်နေကြပါတယ်။
မုံရွာမြို့မှာလည်း ဒီလို ဖြစ်စဉ်နဲ့ အလားတူ ဖြစ်ရပ်တွေက အမြဲလိုလို ရှိနေခဲ့ပါတယ်။ ဓားပြတိုက်လုလက်မှုတွေ ပြန်ပေးဆွဲမှုတွေကလည်း အမြဲလိုလို ကြားသိနေရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
အဲဒီ ၁၀ ရက်နေ့ ဖြစ်စဉ်ကို ခေတ်မျတ်လုံးက မြို့ခံတစ်ဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ဒီအကြောင်းတွေကို နားဆင်နိုင်ပါပြီ။
Era’s Eye