နေပြည်တော်ကောင်စီနယ်မြေအနီး ပျဥ်မနားမြို့နယ် အရှေ့ပိုင်းက ၄ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၅၀ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့တယ်လို့ သံတောင်မြောက်ပိုင်း (အထူးဒေသ)- NTDF က ဩဂုတ် ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၀ ရက်ကနေ ၁၄ ရက်အထိ ပျဥ်းမနားမြို့အရှေ့ဘက်မှာ ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PDF အကြား တိုက်ပွဲပေါင်း ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက် မနက်အစောပိုင်းမှာ ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်တွေက ပျဥ်းမနားမြို့နယ် ဘို့မသံတောင်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း သေနတ် ၉ လက်သိမ်းဆည်းရမိကာ စစ်သား ၉ ဦးနဲ့ အရာရှိတစ်ဦး သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီးတော့ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#Era’sEye \News