နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 2 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ယင်းမာပင် မြောက်ယမားချောင်းထဲမှာ တောင်သူအလောင်း ၄လောင်း တွေ့ရှိခဲ့

ယင်းမာပင်မြို့နယ်က မြောက်ယမားချောင်းထဲမှာ တောင်သူအလောင်း ၄လောင်းကို တွေ့ရှိခဲ့တယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

ယင်းမာပင်မြို့ရှိ မြောက်ယမားချောင်းထဲမှာ အလောင်း (၃)လောင်းကို ဩဂုတ်လ (၁၆)ရက်နေ့ မနက်ပိုင်းက တွေ့ရှိခဲ့ပြီး ညနေပိုင်းမှာ အလောင်း (၁)လောင်း ထပ်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအလောင်း (၄)လောင်းဟာ လည်ငေါက်ကျေးရွာအတွင်း နွားစာကျွေးပြန်လာချိန်မှာ စစ်တပ်စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ တောင်သူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်စစ်ကြောင်းက ဩဂုတ်လ (၁၄)ရက်နေ့မှာ မြန်မာဝမ်ပေါင်ကုမ္ပဏီအတွင်း ရောက်ရှိခဲ့ပြီး လည်ငေါက်ကျေးရွာက ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ကာ လည်လှီးသတ်ဖြတ်ပြီး ချောင်းထဲ ပစ်ချထားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကြောင်းဟာ အခုအခါ မြန်မာဝမ်ပေါင်ကြေးနီစီမံကိန်းမှာ တပ်စွဲနေထိုင်ပြီး အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအများအပြားက ဒေသခံတွေရဲ့ အသက်အိုးအိမ်တွေကို ဖျက်ဆီးလျက်ရှိတယ်လို့ အဖွဲ့ရဲ့ပြောဆိုထားချက်အရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PNLA ရဲဘော်လေးဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က အရှင်ဖမ်းဆီးပြီး ပစ်သတ်သည့် ရုပ်သံဖိုင် ထွက်ပေါ်လာ

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 101 Views
ဇွန်လ (၁) ရက်။ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ စီဆန်မြို့အနီးတွင် စစ်သုံ့ပန်း အကျဉ်းသား လေးဦးအား စစ်ကောင်စီ
မြန်မာသတင်း

YDF လေ့ကျင့်ရေးစခန်းနဲ့ ထောင်ကို မသမာသူတစုက အင်အားအလုံးအရင်းနဲ့ အကြမ်းဖက် စီးနင်းမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 19 Views
ဇွန်လ (၁)ရက်။ မေလ (၈)ရက်နေ့ နေ့လယ်ပိုင်းအချိန်က ယောကာကွယ်ရေးတပ် (YDF) ရဲ့ အမှတ် (၁) လေ့ကျင့်ရေး စခန်းနဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့ တပ်မ(၃၃)ဌာနချုပ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ BWM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 15 Views
ဇွန်လ (၁)ရက်။ မနေ့က စစ်ကိုင်းမြို့ရှိ စစ်ကောင်စီရဲ့ တပ်မ(၃၃)ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ထဲ ထိခိုက်သေဆုံးတာတွေ ရှိခဲတယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ အမှတ်(၃၃)
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီက အပစ်ရပ်ကာလ တစ်လထပ်တိုးတယ်လို့ဆိုပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 13 Views
‌ဇွန်လ (၁)ရက်။ နိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီအပစ်ရပ်ကာလကို အခုလကုန်အထိ တစ်လ ထပ်မံတိုးမြှင့်လိုက်ပြန်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့အပါအဝင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထား

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 12 Views
ဇွန်လ (၁)ရက်။ တောင်သာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက်ချ အလင်းဝင်ဖို့ ‌မြို့နယ်ပကဖရဲ့ မနေ့က နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထားတယ်လို့ သိရပါတယ်။ “ တောင်သာမြို့နယ်ထဲက စခ/ရခ/ပခတွေ ဌာနဆိုင်ရာဝန်ထမ်းတွေ အချိန်မနှောင်းခင် လက်နက်ချ အလင်းဝင်ပါ။ ပြည်သူနဲ့
မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 36 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။ မေလ (၁၇)ရက်နေ့ကစပြီး ပင်လောင်းမြို့ ဆောင်းပြောင်းကျေးရွာက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 27 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီခွဲအချိန် စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 26 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့