နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 2 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဖရူဆိုမှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ဘုရားရှိခိုးကျောင်း ထိခိုက်ပျက်စီးခဲ့

၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၈)ရက်၊
ခေတ်မျက်လုံး။

ကရင်နီပြည်၊ ဖရူဆိုမြို့က ထီးသော်ကူးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့ ဩဂုတ်လ (၁၈)ရက်နေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ထီးသော်ကူးရွာကို စစ်ကောင်စီက တိုက်ပွဲငြိမ်သက်နေတဲ့အချိန် တိုက်လေယာဉ်တစ်စီးနဲ့ “ သနားခြင်းမယ်တော်” ဘုရားရှိခိုးကျောင်းကို ဩဂုတ်လ (၁၂)ရက်နေ့ ည (၈)နာရီခန့်က ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ထီးသော်ကူးရွာအနီး စစ်‌ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ထိတွေတိုက်ပွဲဖြစ်ပွားခဲ့သော်လည်း တိုက်ပွဲငြိမ်သက်နေတဲ့အချိန်မှာ အခုလို ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်းအဆောက်အဦအပြင် ကျောင်း၀န်းထဲက အခြားအဆောက်အဦတွေနဲ့ ခြံစည်းရိုးအုတ်တံတိုင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ဩဂုတ်လ (၂)ရက်ကနေ ဩဂုတ်လ (၁၄)ရက်အထိ ထွေလာဗီလာ၊ ငွေတောင်ရွာသစ်၊ ကဒါးလားရွာနဲ့ ထီးသော်ကူးရွာတစ်လျှောက်မှာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် ဒီမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက် ပြည်သူတွေ ဖြတ်သန်းသွားလာတာမလုပ်ဖို့နဲ့ စစ်ရေးသတိရှိကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးစားဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 16 Views
ဧပြီလ (၂)ရက်။ သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 8 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ငလျင်ကယ်ဆယ်ရေးကြားက စစ်ကောင်စီ မင်းတပ်ကို လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 13 Views
ဧပြီလ (၁) ရက်။ ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ မင်းတပ်ကို စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံးကြဲချပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မင်းတပ်မြို့
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ ဘန်ကောက်စည် ပြိုကျနေသည့် စာရင်းစစ်ရုံး အဆောက်အအုံ၏ အပျက်အစီးများထဲတွင် ပိတ်မိနေသည့်အလောင်းများကို အမေရိကန် စစ်ဘက်ရှာဖွေရေး ကိရိယာများမှ X-ray ဓါတ်ပုံတွင် တွေ့ရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 13 Views
ဧပြီလ (၁) ရက်။ အဆောက်အအုံ၏ ရှုပ်ထွေးသောဖွဲ့စည်းပုံသည် နေရာအတိအကျကို ရှာဖွေရခက်ခဲစေသောကြောင့် Scan ပုံရိပ်ရှာကိရိယာတွင်တွေ့ရှိသည့် အလုံး ၇၀ လုံးသည် ပျောက်ဆုံးနေသူများဖြစ်ခြင်းကို ကိုယ်စားပြုခြင်း ရှိ၊ မရှိ မရှင်းလင်းသေးကြောင်း ဘန်ကောက်ဒုတိယအုပ်ချုပ်ရေးမှူး သာဗီဒါ ကာမိုလ်ဗီချ်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နေချိန် သင်္ကြန်ပွဲ မကျင်းပဖို့ TNLA ညွှန်ကြားထား

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ဧပြီလ (၁)ရက်။ မြန်မာနိုင်ငံမှာ ငလျင်ဒဏ်သင့်နေတဲ့အချိန် တအာင်းပြည် ခရိုင် (၅)ခုထဲက မြို့နယ်တွေမှာ သင်္ကြန်ပွဲ မကျင်းပကြဖို့ TNLA က ညွှန်ကြားထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်နေချိန် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်ပွဲမကျင်းပဖို့ PSLF/TNLA
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျန်တဲ့အဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ တရုတ်ဆောက်တဲ့ အဆောက်အအုံတစ်ခုပဲ ပြိုကျခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 7 Views
ဧပြီလ (၁) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၃၃ ထပ် ရှိတဲ့ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး အလုပ်သမားတွေ ပိတ်မိနေတဲ့အဆောက်အအုံကို တရုတ်နိုင်ငံပိုင်
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 12 Views
ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကွတ်ခိုင်မြို့ မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။