စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စီးနင်းဝင်ရောက်ခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးတဦးအပါအဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ည ၁၁ နာရီကျော်လောက်မှာ စီးနင်းဝင်ရောက်ကာ လက်နက်တွေနဲ့ တရစပ်ပစ်ခတ်တာကြောင့် အသက် ၅၀ အရွယ် ဦးဖိုးပိန်နဲ့ အသက် ၃ နှစ်အရွယ် မောင်ကိုကိုထက်တို့ သေဆုံးခဲ့ရတာပါ။
စစ်ကောင်စီဘက်ကတော့ ခင်ဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင် ကိုမျိုးကျော်အိမ်ကို ဝင်ရောက်စီးနင်းပြီး လက်နက်တွေနဲ့အတူ မသီတာဦး ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
အသက် ၃၂ နှစ်အရွယ် ကိုချမ်း၊ အသက် ၂၀ အရွယ် မောင်ဒိုးဒိုး၊ ၁၄ နှစ်အရွယ် မောင်ဖိုးဝိုင်း သေနတ်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး အသက် ၂၀ အရွယ် ကိုကုလားဆိုသူပါ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေကို ခင်ဦးရဲစခန်းဘက်ကို ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။
Era’sEye\News
ပုံစာ – စီးနင်းမှုမှာ ဖမ်းဆီးရမိတဲ့ လက်နက်ပစ္စည်းတွေကို ဖော်ပြထားစဉ်(စစ်ကောင်စီတယ်လီဂရမ်ချန်နယ်)