စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ် ပြည်ထောင်စုလမ်းမကြီးမှာ ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ တွေက သြဂုတ်(၁၉)ရက် မနက်ပိုင်းမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးသေဆုံးပြီး သေနတ်နဲ့ကျည် တချို့ သိမ်းဆည်းရရှိတယ်လို့ Golden Eagle Force-Monywa က သြဂုတ် (၂၀) ရက် ဒီနေ့မှာထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို Golden Eagle Force-Monywa အဖွဲနဲ့အတူ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၂၄)(Monywa Ranger Group Truth Army)၊ ကြယ်နီတပ်ဦး (PLA)၊ Brother Revolution Force-Monywa၊ Ka Naung Min Thar Gyi-Monywaတို့က ပူးပေါင်းဆောင်ရွက်တယ်လို့ ဆိုပါတယ်။
#Era’sEye\News