နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကနီမှာ သစ်ကွင်းထဲက သစ်တွေသယ်ဖို့လာတဲ့ စစ်ကောင်စီ အတိုက်ခံရ။

၂၀၂၃ ခုနှစ်၊ ၈ လ၊ (၁၈) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ နွားခြံကုန်းရွာမှာ
အထိုင်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ Monywa Underground Guerrilla Force (MUGF) ဆီက သိရပါတယ်။

တိုက်ပွဲဖြစ်စဉ်မှာ စစ်ကောင်တပ်က သစ်ကွင်းထဲက သစ်တွေသယ်ဖို့အတွက် တပ်ဖြန့်ပြီး နွားခြံကုန်းရွာမှာ အထိုင်ချထားတာကို ကာကွယ်ရေးအဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့တာပါ။

၁၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ထိတွေ့မှု စတင်ဖြစ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ၈ လ၊ ၂၀ ရက်နေ့ ည (၁၀) နာရီခွဲလောက်မှာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။။ ၃ ရက် ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရခဲ့ပြီး အသေအ​ပျောက်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။။ ၂၀ ရက်နေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ ဘန့်ဘွေးပျူရွာကို အင်အားဖြည့်တင်းဖို့ သွားရာလမ်းမှာလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲကို Monywa Underground Guerrilla Force (MUGF) နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။ Monywa Underground Guerrilla Force (MUGF) ဟာ အရင်က 5/99 နာမည်နဲ့ လှုပ်ရှားခဲ့ပြီး မကြာသေးခင်က Monywa Underground Guerrilla Force (MUGF) လို့ နာမည်ပြောင်းထားကြောင်း သိရှိရပါတယ်။

Era’sEye\News \ဓာတ်ပုံ။ ပေးပို့။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ဒေါ်လာ ၆ သန်း ပေးအပ်မည်ဖြစ်ကြောင်း ဂျပန်အစိုးရ ကြေညာ

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 2 Views
ဧပြီလ (၂) ရက်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်းဝန်ချုပ်နှင့် ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဟာယာရှိက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်
မြန်မာသတင်း အာရှ

ဂျပန် ဆေးကုသမှု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 2 Views
ဧပြီလ (၂) ရက်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် သေဆုံးသူ ၂၈၀၀ ကျော်နှင့် ဒဏ်ရာရသူ ၄,၆၀၀ ကျော်ရှိလာပြီဖြစ်ရာ
မြန်မာသတင်း

ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ယာယီအပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီ ကြေညာ

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 1 Views
ဧပြီလ (၁) ရက်။ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အလွန်အင်အားပြင်းထန်တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူလူထုကို စာနာထောက်ထားနားလည်မှု၊ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး တည်ငြိမ်အေးချမ်းမှုကို
မြန်မာသတင်း

ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေး တက်ရောက်ရန် စစ်ခေါင်းဆောင် ထိုင်းနိုင်ငံသို့ သွားရောက်မည်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 1 Views
ဧပြီလ (၂) ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဆဋ္ဌမအကြိမ်မြောက် BIMSTEC ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ မနက်ဖန် ဧပြီ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံကိုသွားရောက်မယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ဟာ ဧပြီလ ၃ ရက်နဲ့ ၄ ရက်တို့မှာ
မြန်မာသတင်း

ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးနေပေမယ့် သင်္ကြန်ပွဲကျင်းပမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 2 Views
ဧပြီလ (၂)ရက်။ နိုင်ငံတဝန်း ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးတာတွေရှိနေပေမယ့် သင်္ကြန်ပွဲကို ကျင်းပသွားမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ကာ ရက်သတ္တပတ်နီးပါး ကြာတဲ့အချိန်အထိ စစ်ကောင်စီဟာ
မြန်မာသတင်း

သင်္ကြန်ကာလကို နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲတဲ့ ရက်သတ္တပတ်အနေနဲ့ NUG သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 3 Views
ဧပြီလ (၂)ရက်။ ပူဆွေးနေရတာတွေအတွက် ပြည်သူကနေ ပြည်သူကို အားပေးနှစ်သိမ့်ဖို့ ဧပြီလ (၁၃)ရက်ကနေ (၂၀)ရက်နေ့အထိ နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲတဲ့ ရက်သတ္တပတ်အနေနဲ့ NUG က ဒီကနေ့မှာ သတ်မှတ်ကြေညာခဲ့တယ်လို့ သိရပါတယ်။ အခု ဝမ်းနည်းကြေကွဲတဲ့ ရက်သတ္တပတ်အနေနဲ့
မြန်မာသတင်း

သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးစားဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 20 Views
ဧပြီလ (၂)ရက်။ သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ “ ပြည်သူလူထုတရပ်လုံး ခံစားနေရတဲ့ ဘေးဒုက္ခတွေဟာ လတ်တလော အနာသက်သာရုံ “
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 9 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ငလျင်အတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်လာတဲ့