ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်၊ စံရွေးကျေးရွာ မြစ်ကမ်းပါးပြိုတာကြောင့်ဩဂုတ် ၂၄ ရက်က နေအိမ် ၉ လုံးကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ မြို့ခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
သာယာဝတီမြို့နယ်ထဲကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်မခမြစ်ရေဟာ မိုးကာလရေတက်လာတဲ့အတွက် မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပေါ်နေလို့ ပြောင်းရွှေ့ပေးခဲ့တာလို့ ပရဟိအဖွဲ့တွေဆီက ဆိုပါတယ်။
နေအိမ်တွေပြောင်းရွှေ့ရာမှာ သာယာဝတီခရိုင်အတွင်းက ပရဟိတအဖွဲ့အစည်းတွေအပြင် သာယာဝတီမြို့နဲ့ သုံးဆယ်နယ်မြေမီးသတ်စခန်းက တပ်ဖွဲ့ဝင်တွေ အရန်မီးသတ်တွေလည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
နှစ်စဉ်ဆိုသလို မိုးနှောင်းကာလ မြစ်ရေတက်ချိန်တွင် မြစ်မခမြစ်ဘေးဝဲယာကမ်းပါးများ ပြိုကျလေ့ရှိပြီး စိုက်ခင်းတွေနဲ့ နေအိမ်နေရာတွေ ပြိုကျပါသွားတတ်တဲ့အတွက် ကြိုပြောင်းရွှေ့ကြရတာဖြစ်ပြီး ရေအတက်ကြမ်းတဲ့ နှစ်တွေမှာတော့ ပြောင်းရွှေ့ချိန်မရဘဲ နေအိမ်တွေ ရေထဲမျောပါပျက်စီးသွားလေ့ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဓါတ်ပုံ – ကရင်စုလူငယ်လူမှုကူညီရေးအသင်း
Era’sEye\News