နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

မူဆယ်မှာ စစ်တပ်နဲ့ TNLA တို့ နှစ်ဖက်ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့

မူဆယ်မြို့နယ်၊ နမ့်တောင်းရွာနဲ့ ဖာဖိန့်ရွာကြားမှာ စစ်တပ်လက်အောက်ခံ တပ်မ (၉၉)၊ ခမရ (၄၂၀)နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်လာတာကြောင့် တအာင်းတပ် (TNLA) တပ်မဟာ (၁)၊ တပ်ရင်း (၅၇၁) တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ TNLA ရဲ့ ဩဂုတ်လ (၂၇) ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်တပ်နဲ့ မြို့မပြည်သူ့တပ်ဟာ ပြည်သူတွေ အသုံးပြုနေတဲ့ နမ့်တောင်းနဲ့ ပန်ကြုံအကြားရှိ အဓိကလမ်းမကြီးကို မြေကော်စက်နဲ့ ဖျက်ဆီးခဲ့တာကြောင့် ဩဂုတ်လ (၂၃)ရက်နေ့မှာ TNLA က ပြန်လည်မြေဖို့ပြုပြင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

TNLA က ပြုပြင်ပေးခဲ့တဲ့ လမ်းမကြီးကို ထပ်မံဖျက်ဆီးဖို့ (၁၀၅) မိုင်ကနေ ဘော်ဒိုဇာတစ်စီးနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်နဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ TNLA တပ်တို့ ဩဂုတ်လ (၂၇) ရက်နေ့မှာ နမ့်တောင်းရွာနဲ့ ဖာဖိန့်ရွာအကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဩဂုတ်လ (၂၆) ရက်နေ့ ညနေ (၄) နာရီ (၅၀) မိနစ် အချိန်ခန့်ကလည်း စစ်တပ်နဲ့ တအာင်းတပ် (TNLA) တပ်မဟာ (၅) တပ်ရင်း (၃၃၅) တို့ မန့်ပိန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နမ့်တောင်းရွာနဲ့ ဖာဖိန့်ရွာကြားမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ သိရပြီး အခုဩဂုတ်လအတွင်းမှာ TNLA နဲ့ စစ်တပ်အကြား တိုက်ပွဲပေါင်း (၁၃) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်နေရာကို စစ်ကောင်စီ ဗုံးကြဲတာကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူ (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 5 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က နွားထိုးကြီးမြို့ရှိ မျက်ရှုရွာအနီးရှိ စစ်ဘေးရှောင်နေရာတခုကို စစ်ကောင်စီက ဒရုန်းနဲ့
မြန်မာသတင်း

တပတ်ထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦး အလင်းဝင်ခဲ့ပြီး စစ်မှုထမ်းတပ်သားသစ် အများဆုံးပါဝင်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 7 Views
ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃)ဦးရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်-People’s Goal ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မူးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်‌သိမ်းပိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်
  • 5 Views
စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးကျော်သေဆုံးပြီး (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန် ဇူလိုင်လ (၂၈)ရက်။ ဇူလိုင်လ (၂၅)ရက်နေ့က မူးမြို့နယ် ရင်းတိုက်ကုန်းရွာနဲ့ လည်ပတ်ရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 26 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ MRO/CDF-MATUPI အမည်နာမတခုထဲနဲ့သာ ဆက်လက်ပါဝင်နေပြီး ICNCC/CB ကို ကောင်စီဝင်တွေ/အဖွဲ့ဝင်တွေ စေလွှတ်တဲ့အခါ MRO/CDF-MATUPI
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးအထိသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 26 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ပုလောမြို့ ဇရပ်ဆိပ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ည (၁၀)နာရီ (၂၀)မိနစ်အချိန်က ဇရပ်ဆိပ်ရွာရှိ
မြန်မာသတင်း

TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲဝင်လာတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ
မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 19 Views
ဇူလိုင်လ (၂၃)ရက်။ Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို တင်ပြတာကို
ပြည်တွင်းသတင်း မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တုပေါများသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့က အပြည့်အဝ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် ဖြန့်ကျက်နေပြီဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 23 Views
ဇူလိုင်လ ၂၃ ရက်။ Bloomberg ဂျပန်မှဆောင်းပါးကို ဘာသာပြန်ထားပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော်သည် ယမန်နှစ်ကလည်း မြေရှားသတ္တု ပေါများသည့်ဒေသကို သိမ်းပိုက်ပြီး အစိုးရတပ်များကို နှင်ထုတ်ခဲ့သည်။ တရုတ်ကြားခံကုမ္ပဏီ၏ ဖောက်သည်စာရင်းတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ ပါဝင်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ် ကီလိုမီတာ