နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဇယ်လန့်ရွာက နေအိမ် လက်နက်ကြီးထိမှန် မီးလောင်ပြီး ဒဏ်ရာရသူနှစ်ဦးရှိ

တရုတ် – မြန်မာနယ်စပ်၊ မူဆယ်နဲ့ နမ့်ခမ်း ကြားက ဇယ်လန့်ရွာမှာ မနေ့ညပိုင်းက စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဇယ်လန့်ရွာက နေအိမ် တစစ်လုံး လက်နက်ကြီး ထိမှန် မီးလောင်ကာ လူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇယ်လန့်ရွာသာမက နမ္ပတီးရွာဘက်ကိုလည်း လက်နက်ကြီး (၃) လုံးကျကာ အိမ်ခေါင်မိုးကို လက်နက်ကြီး ကျည်စထိမှန်ထားတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးဒဏ်ကြောင့် အိမ်တစ်လုံး မီးလောင် ပြာကျပြီး အိမ်၀န်းအတွင်းရှိ ကားတစ်စီး၊ ထွန်စက် တစ်စီး၊ ထော်လာဂျီတစ်စီး၊ စပါးတွေနဲ့ တရုတ်ငွေ ၃ သောင်းကျော်ခန့် ပါသွားတယ်လို့ သိရပါတယ်။

မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဩဂုတ်လ (၂၉) ရက်နေ့က စစ်ကောင်စီနဲ့ တိုက်ပွဲ ၃ နေရာ ဖြစ်ပွားခဲ့ပြီး ညနေ ၅ နာရီကျော်က လွယ်တေးမိန်းတောင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံး ၈ လို့ကြဲသွားတယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လှိုင်မြို့နယ်ပကဖက Hlaing Info Media ကို အမည်ပျက်စာရင်းကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၄)ရက်။ လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က Hlaing Info Media ကို အမည်ပျက်စာရင်း(Black List) ကြေညာလိုက်တယ်လို့ ဒီကနေ့မှာ
မြန်မာသတင်း

ချင်းပြည်ထဲ အောင်ပွဲဆင်နိုင်ခဲ့တဲ့အပေါ် ချင်းပြည်ကောင်စီက ဂုဏ်ပြုကြောင်းထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၄)ရက်။ ချင်းပြည်ထဲ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေမှာ အသက်သွေးချွေး စတေးပေးဆပ် အောင်ပွဲဆင်နိုင်တဲ့အပေါ် ဂုဏ်ယူတယ်လို့ ချင်းပြည်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရန်ကုန် စမ်းချောင်းမြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့ရှိ ဟုမ်းလမ်းဘူတာရပ်ကွက်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ပစ်ခတ်မှုဖြစ်တာက ဟုမ်းလမ်းဘူတာရပ်ကွက်ဘက်မှာဖြစ်တာ။ ‌ပစ်ခတ်ခံရတာကလဲ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ကြီးပဲ။ ထိခိုက်ဒဏ်ရာရပြီး
မြန်မာသတင်း

နွားထိုးကြီးမြို့ ဒေါင်ဘိုးရွာကို စစ်ကောင်စီ ဗုံးကြဲ၊ အရပ်သားတစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နွားထိုးကြီးမြို့ ဒေါင်ဘိုးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ညနေ(၆)ခွဲလောက် ဒေါင်ဘိုးရွာကို စကစက လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ ပြည်သူတွေ
မြန်မာသတင်း

ထိုင်းဆွေးနွေးပွဲ စစ်ကောင်စီကို ဖိတ်ကြားတဲ့အပေါ် စိုးရိမ်မိတယ်လို့ NUG ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၄)ရက်။ ထိုင်းနိုင်ငံရဲ့ မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီကို ဖိတ်ကြားတာက အကြမ်းဖက်တာတွေကို ဆိုးရွားလာစေဖို့ အားပေးသလို ဖြစ်စေတဲ့အပေါ် စိုးရိမ်မိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ ထိုင်းနိုင်ငံက မြန်မာအရေး
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မလိုအပ်ဘဲ ခရီးမသွားဖို့ တော်လှန်ရေးတပ်တွေသတိပေး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 5 Views
ဒီဇင်ဘာလ (၂၄)ရက်။ ပြည်သူတွေအနေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ် မလိုအပ်ဘဲ ခရီးမသွားဖို့ နွားထိုးကြီး-PDF ရဲ့ မနေ့က ထုတ်ပြန်အသိပေးထားချက်အရ သိရပါတယ်။ မနေ့က နံနက်(၁၀)နာရီခွဲအချိန် နွားထိုးကြီး-PDF မြင်းခြံခရိုင်အမှတ်(၄/၁၀)တပ်ရင်းတို့က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၃၁၈)မှာ အသိပေးစစ်ဆေးတာတွေ
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ

ရခိုင်ပဋိပက္ခအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှု မဟုတ်ဟုဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၄) ရက်။ နိုင်ငံခြားရေးဝန်ကြီး အမ်ဒီတောဟစ်ဟိုစိန် (Md Touhid Hossain) သည် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံ၌ ကျင်းပသော အလွတ်သဘောဆွေးနွေးပွဲတွင် မြန်မာနိုင်ငံသို့ ဤသဝဏ်လွှာကို ပေးပို့ခဲ့သည်။ တွေ့ဆုံစဉ်အတွင်း ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းခြင်း မရှိဘဲ
မြန်မာသတင်း

တပ်တွင်းတပ်ပြင် ရေပက်မဝင်အောင် စည်းရုံးဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၄)ရက်။ တပ်တွင်းတပ်ပြင် ရေပက်မဝင်တဲ့ စည်းရုံးရေးဖြစ်အောင် ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က မှော်ဘီမြို့မှာပြုလုပ်တဲ့ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့အားဟာ စည်းလုံးညီညွတ်မှုအပေါ်မှာသာ အခြေတည်တာကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှုရှိရင် ဘယ်သူကမှ စစ်တပ်ကို ဖြိုခွဲလို့ရမှာမဟုတ်ဘူးလို့