ဒီကနေ့ စက်တင်ဘာလ (၁) ရက်ကစပြီး (၃၀) ရက်နေ့အထိ စစ်ကောင်စီနဲ့ဆိုင်တဲ့ လုပ်ငန်းအားလုံးကို ရပ်တန့်ပစ်ရမယ်လို့ တနင်္သာရီအခြေစိုက် ကော်သူးလေ တပ်မတော် (KTLA) ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စက်တင်ဘာလအတွင်း KTLA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ကမောင်းသွယ်ဒေသနဲ့ ဘန်းချောင်း(ပေါခလိုး)ဒေသတွင်းက စစ်အာဏာရှင်နဲ့ဆိုင်တဲ့ လုပ်ငန်းအားလုံးတို့ကို ရပ်တန့်ပစ်ရမယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်ကို ကူညီထောက်ပံ့နေတဲ့ ရွာသူရွာသားတွေနဲ့ ကျေးရွာအကြီးအကဲတွေအားလုံးလည်း စစ်ကောင်စီနဲ့ပါဝင်ပတ်သက်မှုမရှိစေဖို့ သတိပေးအကြောင်းကြားထားတယ်လို့ ဖော်ပြထားပါတယ်။
အခုလို သတိပေးထုတ်ပြန်ချက်တွေနဲ့အညီ လိုက်နာမှုမရှိတဲ့သူတွေကို တွေ့ရှိပါက လုပ်ငန်းစဉ်စည်းကမ်းချက်တွေအတိုင်း အရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
Eraseye\news