အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ရပ်ကွက်ဥက္ကဋ္ဌ ဦးအောင်မြင့်စိုး ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ သူရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
အသုတ်မြို့၊ ရဲစခန်းမှူး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်အတွင်း အမည်မသိ လူတစ်စုက လက်ပစ်ဗုံးနဲ့ လာရောက်ပစ်ခဲ့ပြီးနောက် ဦးအောင်မြင့်စိုး အပါအဝင် ပြည်သူ ၇ ဦးခန့်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွပ်စွဲဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရပြီးနောက် ၄ ရက်အကြာ စက်တင်ဘာလ ၃ ရက်၊ ညပိုင်းမှာ ဦးအောင်မြင့်စိုးဟာ ပြင်းထန်ဒဏ်ရာနဲ့ အသက်ဆုံးရှုံးခဲ့ပြီး ရုပ်အလောင်းလည်း ပြန်လည်မရရှိခဲ့ဘဲ အရိုးပြာပဲ ပြန်လည်ရရရှိခဲ့တယ်လို့ သိရပါတယ်။