သြဂုတ်လ ၂၉ ရက်နေ့ နေ့လည် ၂ နာရီမှာ မူဆယ် ၁၀၅ မိုင်မှာ စစ်ကောင်စီနဲ့ လုံထန်ပြည်သူ့စစ်တို့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ၄ ဦး သေဆုံးတယ်လို့ သတင်းရရှိထားပြီးတော့ အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။ အဲဒီဖြစ်ရပ်မှာ စစ်ကောင်စီဘက်က အရာရှိအပါအ၀င် သေဆုံးသူ ၃ ဦးလို့ ဒေသခံတွေကဘက်က ဆိုကြသလို ပြည်သူ့စစ်ဘက်ကလည်း သေဆုံးမှုရှိခဲ့တဲ့အတွက် လက်တစ်လော အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။