နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ “အွန်လိုင်းငွေလွှဲလိမ်လည်မှု” လုပ်နေသူတွေကို ဖမ်ဆီး။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ အခြေစိုက်တဲ့ “အွန်လိုင်းမှ ငွေလွှဲလိမ်လည်မှု” ကို လုပ်နေတဲ့အဖွဲ့ကို ဖြိုခွင်းခဲ့ပြီး လူပေါင်း ၂၆၉ ဦးကို တစ်ပြိုင်နက် ဖမ်းဆီးခဲ့တယ်လို့ တရုတ်အစိုးရပိုင်ရုပ်မြင်သံကြားဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်ပြည်သူ့လုံခြုံရေး အာဏာပိုင်များဟာ နိုင်ငံရပ်ခြားမှာ လိမ်လည်လှည့်ဖြားနေတဲ့တရုတ်လူမျိုးတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။


အဲ့ဒီဖမ်းဆီးမှုကို တရုတ်ပြည်သူ့လုံခြုံရေး အာဏာပိုင်များနဲ့ မြန်မာအာဏာပိုင်များ ပူးတွဲဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ လိမ်လည်နေတဲ့နေရာတွေကို ဝင်ရောက်စီးနင်းခဲ့ပြီး လူ ၂၆၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံသား ၁၈၆ ဦး၊ မြန်မာနိုင်ငံသား ၆၆ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၅ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး၊ နောက်ကွယ်မှ “ထောက်ပံ့သူ”၊ အဖွဲ့ခေါင်းဆောင်နဲ့ အမာခံအဖွဲ့သား ၂၁ ဦး၊ ၁၉ နှစ်ကြာထွက်ပြေး တိမ်းရှောင်နေတဲ့ လူသတ်တရားခံ ၁ ဦး အပါအဝင် တရားခံပြေး ၁၃ ဦး ပါဝင်ကြောင်းလည်း သိရပါတယ်။


လိမ်လည်နေတဲ့နေရာတွေကနေ ကွန်ပြူတာ၊ လက်ကိုင်ဖုန်း၊ ဖုန်းကတ်၊ ဘဏ်ကတ်နဲ့ လိမ်လည်ရာမှာသုံးတဲ့ လက်စွဲစာစာအုပ် တွေနဲ့ ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။


လက်ရှိမှာတော့ ပြစ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ တရားခံ တရုတ်နိုင်ငံသားတွေကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးပြီး ဖြစ်တယ်လို့သိရပါတယ်။


Source: တရုတ်အစိုးရပိုင်ရုပ်မြင်သံကြားဌာန၊ ဆင်ဟွာ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 1 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင်အဖွဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Kanpetlet Council ရဲ့ ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 6 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း
မြန်မာသတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်(၁၂)နာရီ (၃၅)မိနစ်က စကစရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီ ဂွမြို့ကို မကြာခင် လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၂)ရက်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တိုက်တိုင်းရှုံးပြီး ကစဉ့်ကလျား ထွက်ပြေးနေတာတွေနဲ့အတူ ဂွမြို့ကို မကြာခင်ရက်တွေထဲ လက်လွှတ်ဆုံးရှုံးရတော့မယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA အနေနဲ့ တပြိုင်နက်ထဲ မြို့(၄)မြို့ကို ထိုးစစ်ဆင်ခဲ့တဲ့အထဲ ဂွတစ်မြို့သာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

နပခဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ AA အောင်ပွဲအတွက် NUG သမ္မတရုံးက ဝမ်းမြောက်သဝဏ်လွှာပေးပို့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၂)ရက်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို သိမ်းပိုက်နိုင်ခဲ့တဲ့ အာရက္ခတပ်တော်(AA)ရဲ့ အောင်ပွဲအတွက် NUG သမ္မတရုံးက မနေ့က ဂုဏ်ပြုဝမ်းမြောက်သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ AA ခေါင်းဆောင်တွေ ဦးဆောင်တာနဲ့အတူ ရဲဘော်ရဲဘက်တွေရဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်တာတွေကြောင့် နပခကို
မြန်မာသတင်း

ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို AA သိမ်းပိုက်ရရှိထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 14 Views
ဒီဇင်ဘာလ (၂၁)ရက်။ ဂွမြို့ရဲ့ (၃)ပုံ (၂)ပုံခန့်ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ ဂွမြို့ထဲရှိ စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ စစ်ကူလာတဲ့ တပ်မ(၁၁)တပ်ရင်းတွေအပြင် အခြားတပ်ရင်းအများအပြားနဲ့
မြန်မာသတင်း

စစ်ကိုင်းမြို့မှာ ဘီယာဆိုင်ထိုင်နေတဲ့ ပျူစောထီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၁)ရက်။ မနေ့က ညနေ(၄)နာရီခန့်က စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက်နေ ပျုစောထီး မင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရတနာပုံတပ်ဦးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇေယျာတိုးချဲ့ရပ်ကွက်မှာနေတဲ့ မင်းသူကို ဖရဲသီးသတင်းပေးကြောင့် စောင့်ကြည့်ပြီး ပျူစောထီးတစ်ဦးဆိုတာကို သိရှိခဲ့ရတာပါ။
မြန်မာသတင်း

ဗန်းမော် စကခ(၂၁)က ဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအခွင့်အရေးပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 14 Views
ဓီဇင်ဘာလ (၂၁)ရက်။ ဗန်းမော်မြို့ရှိ စကခ(၂၁)ဝန်းထဲက ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအလင်းဝင်ဖို့ တော်လှန်ရေးတပ်တွေဘက်က နောက်ဆုံးအကြိမ်အနေနဲ့ အခွင့်အရေးပေးထားတယ်လို့ သိရပါတယ်။ “ ဗန်းမော်ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားလိုက်တော့ ဌာနဆိုင်ရာစကစဝန်ထမ်းတွေက စကခ(၂၁)ဝင်းထဲ ထွက်ပြေးခိုလှုံနေကြတာ။ အခု စကခ(၂၁)ကို